၂ ရာ​ချုပ် 8:15-18 BCL

15 ပစ္စည်း​သို​လှောင်​ရုံ​များ၊ အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​ပတ်​သက်​၍​ဒါ​ဝိဒ်​ပေး​ခဲ့​သည့်​ညွှန် ကြား​ချက်​များ​ကို​လည်း​အ​သေး​စိတ် လိုက်​နာ​ဆောင်​ရွက်​တော်​မူ​၏။

16 ယ​ခု​အ​ခါ​၌​ရှော​လ​မုန်​၏​စီ​မံ​ကိန်း​ရှိ​သ​မျှ ကို​လက်​စ​သတ်​လိုက်​လေ​ပြီ။ ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​ကို​အုတ်​မြစ်​ချ​ချိန်​မှ​တည်​ဆောက် မှု​လက်​စ​သတ်​ချိန်​အ​ထိ ဆောင်​ရွက်​စ​ရာ​ရှိ သ​မျှ​သော​အ​လုပ်​တို့​သည်​အောင်​မြင်​စွာ ပြီး​စီး​သွား​လေ​ပြီ။

17 ထို​နောက်​ရှော​လ​မုန်​သည်​ဧ​ဒုံ​ပြည်၊ အာ​ကွ​ဗာ ပင်​လယ်​ကွေ့​ပေါ်​ရှိ​သင်္ဘော​ဆိပ်​မြို့​များ​ဖြစ် သော​ဧဇယုန်​ဂါ​ဗာ​မြို့​နှင့်​ဧ​လုတ်​မြို့​သို့​ကြွ တော်​မူ​၏။-

18 သူ​၏​ထံ​သို့​ဟိ​ရံ​မင်း​သည်​မိ​မိ​၏​ပင်​လယ် သွား​ကျွမ်း​ကျင်​သူ​များ​နှင့်​အ​လုပ်​ရည်​ဝ သူ​သင်္ဘော​သား​များ​လိုက်​ပါ​သည့်​သင်္ဘော များ​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် ရှော​လ​မုန်​၏​ပင်​လယ်​သွား​ကျွမ်း​ကျင်​သူ များ​နှင့်​အ​တူ​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့် ကြ​ပြီး​လျှင်​ရွှေ​တစ်​ဆယ့်​ခြောက်​တန်​နီး ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ ၏။