1 ရှေဘပြည့်ရှင်ဘုရင်မသည် ရှောလမုန်၏ကျော် စောကိတ္တိသတင်းကိုကြားလျှင် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။-
2 ဘုရင်မသည်နံ့သာမျိုး၊ ကျောက်မျက်ရတနာ၊ ရွှေအမြောက်အများတင်ဆောင်ထားသည့် ကုလားအုတ်များနှင့်တကွ များစွာသော အခြံအရံလိုက်ပါလျက်ရောက်ရှိလာလေ သည်။ သူသည်မင်းကြီးရှေ့တော်သို့ရောက်သော အခါမိမိစဉ်းစားရသမျှသောပုစ္ဆာတို့ကို မေးတော်မူ၏။-
3 မင်းကြီးကလည်းတစ်ခုမကျန်ဖြေကြား တော်မူသည်။ မင်းကြီးမဖြေရှင်းနိုင်လောက် အောင်ခက်ခဲသည့်ပုစ္ဆာဟူ၍မရှိ။-
4-5 ဘုရင်မသည်မင်းကြီးဉာဏ်ပညာရှိပုံ၊ မင်းကြီး ဆောက်လုပ်ထားသည့်နန်းတော်၊ သူကျွေးမွေးသည့် အစားအစာ၊ မှူးမတ်များနေထိုင်ရန်အဆောက် အအုံများ၊ နန်းတွင်းအရာရှိအစေခံများကို စီမံခန့်ခွဲပုံနှင့်သူတို့ဝတ်ဆင်ထားသောဆင် တူဝတ်စုံများ၊ စားသောက်ပွဲများတွင်မင်းကြီး အားလုပ်ကျွေးရသည့်အစေအပါးများ၊ ဗိမာန်တော်တွင်ပူဇော်ထားသည့်ယဇ်များကို မြင်သောအခါအံ့သြတွေဝေ၍သွားလေသည်။-
6 သူသည်ရှောလမုန်အား``ကျွန်ုပ်သည်ရှေဘပြည် တွင်ရှိစဉ်အခါက အဆွေတော်နှင့်အဆွေတော် ၏ဉာဏ်ပညာတော်အကြောင်းကိုကြားသိခဲ့ရ သည့်သတင်းမှန်ပေ၏။-
7 သို့ရာတွင်ကျွန်ုပ်သည်ကိုယ်တိုင်မျက်မြင်ဒိဌ မတွေ့မမြင်ရမိစဉ်အခါက ထိုသတင်းကို မယုံနိုင်ပါ။ ထိုစဉ်အခါကကျွန်ုပ်ကြားသိ ရသည့်အရာများသည် ယခုတွေ့မြင်ရသည့် အမှုအရာများ၏ထက်ဝက်မျှပင်မရှိပါ။ အဆွေတော်၏ဉာဏ်ပညာတော်နှင့်စည်းစိမ် ချမ်းသာသည်ကျွန်ုပ်ကြားသိခဲ့သည်ထက် များစွာပိုမိုကြီးကျယ်ပါပေသည်။-