၃ ရာ 10:17-24 BCL

17 ရွှေ​ချိန်​လေး​ပေါင်​ခန့်​စီ​ဖြင့်​မွမ်း​မံ​ထား​သော​ဒိုင်း ငယ်​သုံး​ရာ​ကို​လည်း​ပြု​လုပ်​၍ ထို​ဒိုင်း​အား​လုံး ကို​လေ​ဗ​နုန်​ခန်း​မ​ဆောင်​တွင်​ထား​ရှိ​စေ​၏။

18 မင်း​ကြီး​သည်​ရွှေ​စင်​ဖြင့်​မွမ်း​မံ​ထား​သည့် ဆင် စွယ်​ရာ​ဇ​ပလ္လင်​ကြီး​ကို​လည်း​ပြု​လုပ်​တော်​မူ​၏။-

19-20 ရာဇ​ပလ္လင်​ကို​တက်​ရန်​လှေ​ကား​ထစ်​ခြောက်​ထစ်​ရှိ​၍ ယင်း​တို့​၏​အ​စွန်း​တစ်​ဘက်​တစ်​ချက်​တွင်​ခြင်္သေ့ ရုပ်​တစ်​ကောင်​စီ​ရှိ​သ​ဖြင့် စု​စု​ပေါင်း​ခြင်္သေ့​ရုပ် တစ်​ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​၏ ကျော​ဘက်​တွင်​နွား​လား​ဥ​သ​ဘ​၏​ခေါင်း​ရုပ် တစ်​ခု​ရှိ​၍ လက်​တင်​နှစ်​ခု​၏​ဘေး​တစ်​ဘက် တစ်​ချက်​၌​ခြင်္သေ့​ရုပ်​တစ်​ခု​စီ​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ်​နိုင်​ငံ​တွင်​မျှ​ဤ​သို့​သော ရာ​ဇ​ပလ္လင်​မျိုး​မ​ရှိ​ချေ။

21 ရှော​လ​မုန်​၏​သောက်​တော်​ရေ​ဖ​လား​မှန်​သ​မျှ သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ ဆောင်​တွင်​ရှိ​သ​မျှ​သော​အ​သုံး​အ​ဆောင်​များ သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ရှော​လ​မုန် ၏​လက်​ထက်​က​ငွေ​ကို​တန်​ဖိုး​မ​ထား​သ​ဖြင့် ငွေ​အ​သုံး​အ​ဆောင်​မ​ထား​ချေ။-

22 မင်း​ကြီး​သည်​ဟိ​ရံ​၏​သင်္ဘော​စု​နှင့်​အ​တူ ကူး​သန်း သွား​လာ​ရန်​ပင်​လယ်​ကူး​သင်္ဘော​များ​ရှိ​လေ​သည်။ ထို​သင်္ဘော​တို့​သည်​သုံး​နှစ်​လျှင်​တစ်​ကြိမ်​ပြည်​တော် သို့​ပြန်​လာ​၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ ကို​ယူ​ဆောင်​လာ​တတ်​ကြ​၏။

23 ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​တ​ကာ​တို့​ထက်​ပို​၍ စည်း​စိမ်​ချမ်း​သာ​နှင့်​ဉာဏ်​ပ​ညာ​ရှိ​တော်​မူ​၏။-

24 ထို့​ကြောင့်​ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​တို့​သည်​မင်း​ကြီး အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ ဖြင့် မြွက်​ဆို​သည့်​စ​ကား​များ​ကို​ကြား​နာ​ရန် လာ​ရောက်​ကြ​၏။-