၃ ရာ 10:2-9 BCL

2 ဘု​ရင်​မ​သည်​နံ့​သာ​မျိုး၊ ကျောက်​မျက်​ရ​တ​နာ၊ ရွှေ​အ​မြောက်​အ​များ​တင်​ဆောင်​ထား​သည့် ကု​လား​အုတ်​များ​နှင့်​တ​ကွ များ​စွာ​သော အ​ခြံ​အ​ရံ​လိုက်​ပါ​လျက်​ရောက်​ရှိ​လာ​လေ သည်။ သူ​သည်​မင်း​ကြီး​ရှေ့​တော်​သို့​ရောက်​သော အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော​ပုစ္ဆာ​တို့​ကို မေး​တော်​မူ​၏။-

3 မင်း​ကြီး​က​လည်း​တစ်​ခု​မ​ကျန်​ဖြေ​ကြား တော်​မူ​သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​လောက် အောင်​ခက်​ခဲ​သည့်​ပုစ္ဆာ​ဟူ​၍​မ​ရှိ။-

4-5 ဘု​ရင်​မ​သည်​မင်း​ကြီး​ဉာဏ်​ပ​ညာ​ရှိ​ပုံ၊ မင်း​ကြီး ဆောက်​လုပ်​ထား​သည့်​နန်း​တော်၊ သူ​ကျွေး​မွေး​သည့် အ​စား​အ​စာ၊ မှူး​မတ်​များ​နေ​ထိုင်​ရန်​အ​ဆောက် အ​အုံ​များ၊ နန်း​တွင်း​အ​ရာ​ရှိ​အ​စေ​ခံ​များ​ကို စီ​မံ​ခန့်​ခွဲ​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ထား​သော​ဆင် တူ​ဝတ်​စုံ​များ၊ စား​သောက်​ပွဲ​များ​တွင်​မင်း​ကြီး အား​လုပ်​ကျွေး​ရ​သည့်​အ​စေ​အ​ပါး​များ၊ ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ထား​သည့်​ယဇ်​များ​ကို မြင်​သော​အ​ခါ​အံ့​သြ​တွေ​ဝေ​၍​သွား​လေ​သည်။-

6 သူ​သည်​ရှော​လ​မုန်​အား``ကျွန်ုပ်​သည်​ရှေ​ဘ​ပြည် တွင်​ရှိ​စဉ်​အ​ခါ​က အ​ဆွေ​တော်​နှင့်​အ​ဆွေ​တော် ၏​ဉာဏ်​ပ​ညာ​တော်​အ​ကြောင်း​ကို​ကြား​သိ​ခဲ့​ရ သည့်​သ​တင်း​မှန်​ပေ​၏။-

7 သို့​ရာ​တွင်​ကျွန်ုပ်​သည်​ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ မ​တွေ့​မ​မြင်​ရ​မိ​စဉ်​အ​ခါ​က ထို​သတင်း​ကို မ​ယုံ​နိုင်​ပါ။ ထို​စဉ်​အ​ခါ​က​ကျွန်ုပ်​ကြား​သိ ရ​သည့်​အ​ရာ​များ​သည် ယ​ခု​တွေ့​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​၏​ထက်​ဝက်​မျှ​ပင်​မ​ရှိ​ပါ။ အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​တော်​နှင့်​စည်း​စိမ် ချမ်း​သာ​သည်​ကျွန်ုပ်​ကြား​သိ​ခဲ့​သည်​ထက် များ​စွာ​ပို​မို​ကြီး​ကျယ်​ပါ​ပေ​သည်။-

8 အ​ဆွေ​တော်​၏​မိ​ဖု​ရား​များ​သည်​အ​လွန်​မင်္ဂ လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ဆွေ​တော်​၏ အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား​လျက် အ​ဆွေ တော်​၏​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​ကြား​ရ​သူ​အ​ဆွေ​တော်​၏​အ​စေ​ခံ များ​သည်​လည်း အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည် တ​ကား။-

9 အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​သည် အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဖြစ်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး​မြှောက် တော်​မူ​လေ​ပြီ။ ဣ​သ​ရေ​လ​လူ​မျိုး​ကို​ထာ​ဝ​စဉ် ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​အား​တ​ရား​မျှ​တ​စွာ အုပ်​စိုး​စေ​ရန်​အ​ဆွေ​တော်​ကို​မင်း​မြှောက်​တော် မူ​လေ​ပြီ'' ဟု​ပြော​၏။