၃ ရာ 11:12-19 BCL

12 သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။-

13 သို့​သော်​လည်း​ငါ​သည်​ငါ့​အ​စေ​ခံ​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍​လည်း​ကောင်း၊ ငါ​၏​မြို့​တော် အ​ဖြစ်​ငါ​ရွေး​ချယ်​ထား​သည့်​ယေ​ရု​ရှ​လင်​မြို့ ကို​ထောက်​ထား​၍​လည်း​ကောင်း သူ​၏​ထံ​မှ​တစ် နိုင်​ငံ​လုံး​ကို​မ​ရုပ်​သိမ်း။ သူ​၏​အ​တွက်​တစ်​နွယ် ကို​ချန်​ထား​မည်'' ဟု​ရှော​လ​မုန်​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။

14 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​မင်း​မျိုး​နွယ် တစ်​ဦး​ဖြစ်​သူ​ဟာ​ဒဒ်​အား ရှော​လ​မုန်​ကို​ပုန်​ကန် စေ​တော်​မူ​၏။-

15-16 ဤ​အ​ရေး​အ​ခင်း​မ​ပေါ်​ပေါက်​မီ​ကာ​လ​အ​တော် ကြာ​က ဧ​ဒုံ​ပြည်​ကို​ဒါ​ဝိဒ်​နှိမ်​နင်း​အောင်​မြင်​ပြီး နောက် တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​တို့​ကို​သင်္ဂြိုဟ်​ရန်​ထို​ပြည်​သို့​သွား​၍ မိ​မိ​၏​တပ်​သား​များ​နှင့်​အ​တူ​ခြောက်​လ​မျှ နေ​ထိုင်​ကာ​ဧ​ဒုံ​ပြည်​သား​ယောကျာ်း​မှန်​သ​မျှ ကို​သတ်​လေ​သည်။-

17 ဟာ​ဒဒ်​နှင့်​သူ့​ဖ​ခင်​၏​အ​စေ​ခံ​အ​ချို့​သာ​လျှင် လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။ (ထို​စဉ်​အ​ခါ​က​ဟာ​ဒဒ်​သည်​က​လေး​သူ​ငယ် မျှ​သာ​ရှိ​သေး​၏။-)

18 သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။-

19 ဟာ​ဒဒ်​သည်​မင်း​ကြီး​နှင့်​ချစ်​ကျွမ်း​ဝင်​၍​လာ ရ​ကား မင်း​ကြီး​က​သူ့​အား​မိ​ဖု​ရား​တာ​ပ​နက် ၏​ညီ​မ၊ မိ​မိ​၏​ခယ်​မ​တော်​နှင့်​စုံ​ဖက်​ပေး​တော် မူ​၏။-