၃ ရာ 11:14-21 BCL

14 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​မင်း​မျိုး​နွယ် တစ်​ဦး​ဖြစ်​သူ​ဟာ​ဒဒ်​အား ရှော​လ​မုန်​ကို​ပုန်​ကန် စေ​တော်​မူ​၏။-

15-16 ဤ​အ​ရေး​အ​ခင်း​မ​ပေါ်​ပေါက်​မီ​ကာ​လ​အ​တော် ကြာ​က ဧ​ဒုံ​ပြည်​ကို​ဒါ​ဝိဒ်​နှိမ်​နင်း​အောင်​မြင်​ပြီး နောက် တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​တို့​ကို​သင်္ဂြိုဟ်​ရန်​ထို​ပြည်​သို့​သွား​၍ မိ​မိ​၏​တပ်​သား​များ​နှင့်​အ​တူ​ခြောက်​လ​မျှ နေ​ထိုင်​ကာ​ဧ​ဒုံ​ပြည်​သား​ယောကျာ်း​မှန်​သ​မျှ ကို​သတ်​လေ​သည်။-

17 ဟာ​ဒဒ်​နှင့်​သူ့​ဖ​ခင်​၏​အ​စေ​ခံ​အ​ချို့​သာ​လျှင် လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။ (ထို​စဉ်​အ​ခါ​က​ဟာ​ဒဒ်​သည်​က​လေး​သူ​ငယ် မျှ​သာ​ရှိ​သေး​၏။-)

18 သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။-

19 ဟာ​ဒဒ်​သည်​မင်း​ကြီး​နှင့်​ချစ်​ကျွမ်း​ဝင်​၍​လာ ရ​ကား မင်း​ကြီး​က​သူ့​အား​မိ​ဖု​ရား​တာ​ပ​နက် ၏​ညီ​မ၊ မိ​မိ​၏​ခယ်​မ​တော်​နှင့်​စုံ​ဖက်​ပေး​တော် မူ​၏။-

20 ထို​အ​မျိုး​သ​မီး​သည်​သား​ဂေ​နု​ဗတ်​ကို​ဖွား​မြင် ရာ ထို​သား​ကို​နန်း​တော်​တွင်း​၌​မိ​ဖု​ရား​က​ပင် လျှင်​စောင့်​ရှောက်​ပြု​စု​ထား​သ​ဖြင့် သူ​ငယ်​သည် ဘု​ရင်​၏​သား​တော်​များ​နှင့်​အ​တူ​နေ​ထိုင်​ရ လေ​သည်။

21 ဒါ​ဝိဒ်​မင်း​ကွယ်​လွန်​တော်​မူ​၍ တပ်​မ​တော်​ဗိုလ် ချုပ်​ယွာ​ဘ​သည်​လည်း​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း အီ​ဂျစ်​ပြည်​သို့​သ​တင်း​ရောက်​ရှိ​လာ​သော အ​ခါ ဟာ​ဒဒ်​က​အီ​ဂျစ်​ဘု​ရင်​ထံ``အ​ကျွန်ုပ် အား​မိ​မိ​တိုင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​တော်​မူ ပါ'' ဟု​လျှောက်​လေ​၏။