21 ဒါဝိဒ်မင်းကွယ်လွန်တော်မူ၍ တပ်မတော်ဗိုလ် ချုပ်ယွာဘသည်လည်းသေဆုံးပြီဖြစ်ကြောင်း အီဂျစ်ပြည်သို့သတင်းရောက်ရှိလာသော အခါ ဟာဒဒ်ကအီဂျစ်ဘုရင်ထံ``အကျွန်ုပ် အားမိမိတိုင်းပြည်သို့ပြန်ခွင့်ပြုတော်မူ ပါ'' ဟုလျှောက်လေ၏။
22 မင်းကြီးက``အဘယ်ကြောင့်နည်း။ အဘယ်အလို ဆန္ဒမပြည့်ဝ၍သင့်ပြည်သို့ပြန်လိုပါသနည်း'' ဟုမေးတော်မူ၏။ဟာဒဒ်က``ယင်းသို့မဟုတ်ပါ။ သို့ရာတွင်ပြန် ခွင့်ပေးတော်မူပါ'' ဟုလျှောက်ထားပြီးလျှင် မိမိ၏ပြည်သို့ပြန်သွားလေ၏။ဟာဒဒ်သည်ဧဒုံပြည်တွင်မင်းပြုလျက် ဣသ ရေလလူမျိုးကိုရွံရှာ၍ရန်မူလေသည်။
23 ဘုရားသခင်သည်ဧလျာဒ၏သားရေဇုန်ကို လည်း ရှောလမုန်အားပုန်ကန်စေတော်မူ၏။ ရေဇုန် သည်မိမိ၏သခင်၊ ဇောဘဘုရင်၊ ဟာဒဒေဇာ ထံမှထွက်ပြေးပြီးလျှင်တောပုန်းအဖွဲ့ခေါင်း ဆောင်လုပ်၍နေလေ၏။-
24 (ဤသို့ဖြစ်ပျက်မှုမှာဒါဝိဒ်သည်ဟာဒဒေဇာ ကိုနှိမ်နင်း၍ ထိုမင်း၏ရှုရိမဟာမိတ်များကို သုတ်သင်ပြီးချိန်၌ဖြစ်သတည်း။) ရေဇုန်သည် မိမိ၏နောက်လိုက်များနှင့်အတူ ဒမာသက်မြို့ သို့သွားရောက်နေထိုင်ရာသူ၏လူတို့သည်သူ့ ကိုရှုရိဘုရင်အဖြစ်မင်းမြှောက်ကြလေသည်။-
25 ရေဇုန်သည်လည်းရှောလမုန်အသက်ရှင်သမျှ ကာလပတ်လုံး ဣသရေလလူမျိုးတို့အား ရန်မူလျက်နေ၏။
26 ရှောလမုန်အားပုန်ကန်သူအခြားလူတစ်ယောက် မှာ ဧဖရိမ်ပြည်၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်ဖြစ်သည်။ သူသည်ရှောလမုန်၏ နန်းတွင်းအရာရှိတစ်ဦးဖြစ်၍ သူ၏မိခင်မှာ ဇေရွာနာမည်ရှိသောမုဆိုးမဖြစ်၏။-
27 ပုန်ကန်မှုဖြစ်ပွားပုံကားဤသို့တည်း။ရှောလမုန်သည်ယေရုရှလင်မြို့အရှေ့ပိုင်းတွင် မြေဖို့လျက် မြို့ရိုးများကိုတိုးချဲ့လျက်နေ၏။-