၃ ရာ 11:25-31 BCL

25 ရေ​ဇုန်​သည်​လည်း​ရှော​လ​မုန်​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား ရန်​မူ​လျက်​နေ​၏။

26 ရှော​လ​မုန်​အား​ပုန်​ကန်​သူ​အ​ခြား​လူ​တစ်​ယောက် မှာ ဧ​ဖ​ရိမ်​ပြည်၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ဖြစ်​သည်။ သူ​သည်​ရှော​လ​မုန်​၏ နန်း​တွင်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​၍ သူ​၏​မိ​ခင်​မှာ ဇေရွာ​နာ​မည်​ရှိ​သော​မု​ဆိုး​မ​ဖြစ်​၏။-

27 ပုန်​ကန်​မှု​ဖြစ်​ပွား​ပုံ​ကား​ဤ​သို့​တည်း။ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​တွင် မြေ​ဖို့​လျက် မြို့​ရိုး​များ​ကို​တိုး​ချဲ့​လျက်​နေ​၏။-

28 လုပ်​ရည်​ကိုင်​ရည်​ကောင်း​သူ​ယေ​ရော​ဗောင်​၏​လုံ့​လ ဝိ​ရိ​ယ​ကို​မြင်​တော်​မူ​သော​အ​ခါ ရှော​လ​မုန် သည်​သူ့​အား​မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​များ အ​တွက် ချွေး​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​အပ်​တော် မူ​၏။-

29 တစ်​နေ့​သ၌​ယေ​ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့ မှ​ခ​ရီး​ပြု​ရန်​ထွက်​ခွာ​လာ​စဉ် လမ်း​ပေါ်​၌​သူ နှင့်​ရှိ​လော​မြို့​သား​ပ​ရော​ဖက်​အ​ဟိ​ယ​တို့ နှစ်​ဦး​တည်း​တွေ့​ဆုံ​မိ​ကြ​လေ​သည်။-

30 အ​ဟိ​ယ​သည်​မိ​မိ​ဝတ်​ထား​သည့်​ဝတ်​လုံ သစ်​ကို​ချွတ်​၍ တစ်​ဆယ့်​နှစ်​ပိုင်း​ဆုတ်​ဖြဲ ပြီး​လျှင်၊-

31 ယေ​ရော​ဗောင်​အား``သင့်​အ​တွက်​ဝတ်​လုံ​စ ဆယ်​ခု​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင့် အား`ငါ​သည်​ရှော​လ​မုန်​ထံ​မှ​နိုင်​ငံ​တော်​ကို ရုပ်​သိမ်း​၍ ဣသ​ရေ​လ​တို့​၏​နယ်​မြေ​ဆယ်​ခု ကို​ပေး​မည်။-