27 ပုန်ကန်မှုဖြစ်ပွားပုံကားဤသို့တည်း။ရှောလမုန်သည်ယေရုရှလင်မြို့အရှေ့ပိုင်းတွင် မြေဖို့လျက် မြို့ရိုးများကိုတိုးချဲ့လျက်နေ၏။-
28 လုပ်ရည်ကိုင်ရည်ကောင်းသူယေရောဗောင်၏လုံ့လ ဝိရိယကိုမြင်တော်မူသောအခါ ရှောလမုန် သည်သူ့အားမနာရှေနှင့်ဧဖရိမ်နယ်မြေများ အတွက် ချွေးတပ်မှူးအဖြစ်ဖြင့်ခန့်အပ်တော် မူ၏။-
29 တစ်နေ့သ၌ယေရောဗောင်သည်ယေရုရှလင်မြို့ မှခရီးပြုရန်ထွက်ခွာလာစဉ် လမ်းပေါ်၌သူ နှင့်ရှိလောမြို့သားပရောဖက်အဟိယတို့ နှစ်ဦးတည်းတွေ့ဆုံမိကြလေသည်။-
30 အဟိယသည်မိမိဝတ်ထားသည့်ဝတ်လုံ သစ်ကိုချွတ်၍ တစ်ဆယ့်နှစ်ပိုင်းဆုတ်ဖြဲ ပြီးလျှင်၊-
31 ယေရောဗောင်အား``သင့်အတွက်ဝတ်လုံစ ဆယ်ခုကိုယူလော့။ ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကသင့် အား`ငါသည်ရှောလမုန်ထံမှနိုင်ငံတော်ကို ရုပ်သိမ်း၍ ဣသရေလတို့၏နယ်မြေဆယ်ခု ကိုပေးမည်။-
32 ငါ၏အစေခံဒါဝိဒ်၏မျက်နှာကိုထောက်၍ လည်းကောင်း၊ ဣသရေလတစ်နိုင်ငံလုံးမှငါ ရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရု ရှလင်မြို့ကိုထောက်ထား၍လည်းကောင်း၊ ငါသည် ရှောလမုန်အတွက်နယ်မြေတစ်ခုကိုချန်ထား ပေးမည်။-
33 ဤသို့ငါပြုရမည့်အကြောင်းမှာရှောလမုန်သည် ငါ့ကိုပစ်ပယ်၍ ဇိဒုန်ဘုရားမအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်ဘုရားမိလကုံ တို့ကိုဝတ်ပြုကိုးကွယ်သောကြောင့်ဖြစ်၏။ ရှောလမုန်သည်ငါ၏အမိန့်တော်ကိုလွန်ဆန် လေပြီ။ သူသည်မကောင်းမှုကိုပြု၍ငါ၏ ပညတ်တော်များနှင့်အမိန့်တော်တို့ကိုသူ၏ ခမည်းတော်ဒါဝိဒ်နာခံသကဲသို့မနာခံ။-