၃ ရာ 11:39-43 BCL

39 ရှော​လ​မုန်​၏​အ​ပြစ်​အ​တွက်​ငါ​သည်​ဒါဝိဒ်​၏ သား​မြေး​တို့​အား​ဒဏ်​ခတ်​မည်။ သို့​သော်​အ​စဉ် အ​မြဲ​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို လေ​သည်။

40 ထို့​ကြောင့်​ရှော​လ​မုန်​သည် ယေ​ရော​ဗောင်​ကို​သတ် ရန်​ကြိုး​စား​လေ​၏။ ယေ​ရော​ဗောင်​သည်​အီ​ဂျစ် ဘု​ရင်​ရှိ​ရှက်​ထံ​သို့​ထွက်​ပြေး​၍ ရှော​လ​မုန် ကွယ်​လွန်​သည့်​တိုင်​အောင်​အီ​ဂျစ်​ပြည်​တွင်​နေ လေ​သည်။

41 ရှော​လ​မုန်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ၊ နေ​ထိုင်​ပြု​မူ​ပုံ​နှင့်​ပ​ညာ​ဉာဏ်​ရှိ​ပုံ​အ​ကြောင်း တို့​ကို​ရှော​လ​မုန်​အတ္ထု​ပ္ပတ္တိ​စာ​စောင်​တွင်​ရေး​သား ဖော်​ပြ​ထား​လေ​သည်။-

42 သူ​သည်​လေး​ဆယ့်​တစ်နှစ်​တိုင်​တိုင်​ယေ​ရု​ရှ​လင် မြို့​တွင်​နန်း​စံ​တော်​မူ​လျက် ဣ​သ​ရေ​လ​တစ် နိုင်​ငံ​လုံး​ကို​အုပ်​စိုး​တော်​မူ​ခဲ့​သတည်း။-

43 သူ​သည်​ကွယ်​လွန်​၍​ဒါ​ဝိဒ်​၏​မြို့​၌​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။ သား​တော်​ရော​ဗောင်​သည်​နန်း​တက် လေ​၏။