12 သုံးရက်မျှကြာသောအခါယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့သည် ရောဗောင်မင်း မှာကြားလိုက်သည့်အတိုင်းပြန်လာကြ၏။-
13 ထိုအခါရောဗောင်သည်အသက်ကြီးသူအတိုင် ပင်ခံအမတ်များပေးသည့်အကြံကိုလျစ်လူ ရှုပြီးလျှင်၊-
14 လူငယ်လူရွယ်တို့ပေးသည့်အကြံအတိုင်းထို သူတို့အား``ငါ့ခမည်းတော်တင်သောဝန်လေး သည်မှန်၏။ ငါတင်သောဝန်ကားထိုထက်ပင်ပို ၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့် ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟု ခက်ထန်စွာဖြေကြားတော်မူ၏။-
15 မင်းကြီးသည်ဤသို့ပြည်သူတို့အားအလေး ဂရုမပြုဘဲနေတော်မူခြင်းမှာ ပရောဖက် အဟိယအားဖြင့်ယေရောဗောင်အားကိုယ်တော် ပေးတော်မူခဲ့သည့်ကတိတော်ကို အကောင် အထည်ပေါ်စေရန်ထာဝရဘုရားအလို ရှိတော်မူသောကြောင့်ဖြစ်၏။
16 မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
17 ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာလျှင် အုပ်စိုးရလေသည်။
18 ထိုအခါရောဗောင်မင်းသည် ချွေးတပ်တာဝန်ခံ အဒေါနိရံအား ဣသရေလအမျိုးသားတို့ထံ သို့စေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့က ထိုသူ့အားခဲနှင့်ပစ်သတ်ကြ သဖြင့် ရောဗောင်သည်မိမိရထားပေါ်သို့အဆော တလျင်တက်၍ယေရုရှလင်မြို့သို့ထွက်ပြေး လေ၏။-