17 ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာလျှင် အုပ်စိုးရလေသည်။
18 ထိုအခါရောဗောင်မင်းသည် ချွေးတပ်တာဝန်ခံ အဒေါနိရံအား ဣသရေလအမျိုးသားတို့ထံ သို့စေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့က ထိုသူ့အားခဲနှင့်ပစ်သတ်ကြ သဖြင့် ရောဗောင်သည်မိမိရထားပေါ်သို့အဆော တလျင်တက်၍ယေရုရှလင်မြို့သို့ထွက်ပြေး လေ၏။-
19 ထိုကာလမှစ၍ဣသရေလပြည်မြောက်ပိုင်း ပြည်သူတို့သည် ဒါဝိဒ်မင်းမျိုးကိုပုန်ကန် ကြလေသတည်း။
20 ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည် မှယေရောဗောင်ပြန်လည်ရောက်ရှိလာသည့် သတင်းကိုကြားသောအခါ သူ့အားလူထု အစည်းအဝေးသို့ဖိတ်ခေါ်ကာ ဣသရေလ ဘုရင်အဖြစ်မင်းမြှောက်ကြကုန်၏။ ယုဒ အနွယ်သာလျှင်ဒါဝိဒ်၏သားမြေးတို့ အပေါ်တွင်သစ္စာစောင့်ကြလေသည်။
21 ရောဗောင်သည်ယေရုရှလင်မြို့သို့ရောက်ရှိလာ သောအခါ ဣသရေလပြည်မြောက်ပိုင်းကိုပြန် လည်သိမ်းပိုက်ရန်ကြံစည်လျက် ယုဒနှင့်ဗင်္ယာ မိန်အနွယ်များမှလက်ရွေးစင်တပ်သား တစ်သိန်းရှစ်သောင်းကိုစုရုံးစေတော်မူ၏။
22 သို့ရာတွင်ဘုရားသခင်သည် ပရောဖက် ရှေမာယကိုစေလွှတ်၍၊-
23 ရောဗောင်မင်းနှင့်တကွယုဒအနွယ်ဝင်နှင့် ဗင်္ယာမိန်အနွယ်ဝင်အပေါင်းတို့အား၊-