၃ ရာ 13:23-29 BCL

23 သူ​တို့​စား​သောက်​၍​ပြီး​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​သည်​မြည်း​ကို​ကုန်း​နှီး​တင်​၍​ပေး​သ​ဖြင့်၊-

24 ယု​ဒ​ပ​ရော​ဖက်​သည်​မြည်း​ကို​စီး​၍​ထွက်​လာ ရာ​လမ်း​တွင် ခြင်္သေ့​ကိုက်​၍​သေ​လေ​၏။-

25 သူ​၏​အ​လောင်း​သည်​လမ်း​ပေါ်​တွင်​လဲ​လျက် မြည်း​နှင့်​ခြင်္သေ့​သည်​လည်း ထို​အ​လောင်း​အ​နီး ၌​ပင်​ရပ်​လျက်​နေ​ကြ​၏။ ယင်း​သို့​လမ်း​ပေါ် တွင်​လဲ​နေ​သော​အ​လောင်း​ကို​လည်း​ကောင်း၊ အ​နီး​တွင်​ရပ်​လျက်​နေ​သော​မြည်း​နှင့်​ခြင်္သေ့ ကို​လည်း​ကောင်း​ခ​ရီး​သွား​သူ​အ​ချို့​တို့ မြင်​ကြ​၏။ သူ​တို့​သည်​ဗေ​သ​လ​မြို့​သို့ သွား​ပြီး​လျှင်​မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့် အ​ဖြစ်​အ​ပျက်​ကို​ပြော​ကြား​ကြ​၏။

26 ပ​ရော​ဖက်​အို​ကြီး​သည် ထို​သ​တင်း​ကို​ကြား သော​အ​ခါ``ဤ​သူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​လွန်​ဆန်​သည့်​ပ​ရော​ဖက်​ပင်​ဖြစ်​ပါ​သည် တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မိန့်​တော်​ရှိ ခဲ့​သည့်​အ​တိုင်း ခြင်္သေ့​ကို​စေ​လွှတ်​၍​ကိုက်​သတ်​စေ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။-

27 ထို​နောက်​သူ​သည်​မိ​မိ​၏​သား​တို့​အား``ငါ​၏​မြည်း ကို​ကုန်း​နှီး​တင်​ကြ​လော့'' ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-

28 ထို​အ​ခါ​ပ​ရော​ဖက်​အို​ကြီး​သည်​မြည်း​ကို​စီး ၍​ထွက်​သွား​ရာ လမ်း​ပေါ်​တွင်​သေ​နေ​သော​ပ​ရော ဖက်​နှင့်​အ​နီး​တွင်​ရပ်​နေ​လျက်​ရှိ​နေ​သေး​သည့် မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​လေ​၏။ ခြင်္သေ့​သည်​လူ သေ​ကောင်​ကို​လည်း​မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။-

29 ပ​ရော​ဖက်​အို​ကြီး​သည်​ထို​အလောင်း​ကို​ယူ​၍ မြည်း​ပေါ်​သို့​တင်​ပြီး​လျှင် ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြ​ရန်​နှင့်​သင်္ဂြိုဟ်​ရန် ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​လာ​၏။-