7 ထိုအခါမင်းကြီးကပရောဖက်အား``အကျွန်ုပ် နှင့်အတူ နန်းတော်သို့လိုက်၍အစားအစာ သုံးဆောင်ပါလော့။ သင့်အားလက်ဆောင်ပေး ပါမည်'' ဟုဆို၏။
8 ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
9 ထာဝရဘုရားကငါ့အားအဘယ်အစာ ရေစာကိုမျှမစားမသောက်ရန်နှင့် လာလမ်း အတိုင်းမပြန်ရန်ပညတ်တော်မူပြီ'' ဟု လျှောက်၏။-
10 ထို့နောက်သူသည်လာလမ်းဖြင့်မပြန်ဘဲ အခြားလမ်းဖြင့်ပြန်လေ၏။
11 ထိုအချိန်အခါ၌ဗေသလမြို့တွင်နေထိုင် သူပရောဖက်အိုကြီးတစ်ပါးရှိ၏။ သူ၏သား များသည်ထိုနေ့၌ဗေသလမြို့တွင်ယုဒ ပရောဖက်ပြုမူသွားပုံနှင့် မင်းကြီးအား ပြောကြားသောစကားများကိုဖခင်အား ပြန်ပြောကြ၏။-
12 ပရောဖက်အိုကြီးက``ထိုသူသည်အဘယ် လမ်းဖြင့်ပြန်သနည်း'' ဟုသားတို့အားမေး လျှင်သားတို့သည်ယုဒပရောဖက်ပြန်သည့် လမ်းကိုညွှန်ပြကြ၏။-
13 ပရောဖက်အိုကြီးက``ငါ၏မြည်းကိုကုန်းနှီး တင်ကြလော့'' ဟုဆိုသည့်အတိုင်းသားတို့ သည်ကုန်းနှီးတင်၍ပေးကြ၏။-