1 ထိုအချိန်၌ယေရောဗောင်၏သားအဘိယ သည်ဖျားနာလျက်နေ၏။-
2 ယေရောဗောင်သည်မိမိ၏မိဖုရားအား``သင် သည်မိဖုရားမှန်းမသိစေရန်ရုပ်ဖျက်၍ ငါ့ အားဣသရေလဘုရင်ဖြစ်လိမ့်မည်ဟု ဟောခဲ့သူပရောဖက်အဟိယနေထိုင် ရာရှိလောမြို့သို့သွားလော့။-
3 သူ့အတွက်မုန့်ဆယ်လုံး၊ မုန့်ပြားအချို့နှင့် ပျားရည်တစ်ဘူးကိုယူဆောင်သွားပြီးလျှင် ငါတို့၏သားအဘယ်သို့ဖြစ်မည်ကိုစုံစမ်း မေးမြန်းလော့။ သူသည်သင့်အားပြောပြ လိမ့်မည်'' ဟုဆို၏။
4 သို့ဖြစ်၍မိဖုရားသည် ရှိလောမြို့ရှိအဟိယ ၏အိမ်သို့သွားလေသည်။ အဟိယသည် အသက်ကြီးသဖြင့်မျက်စိကွယ်လျက်နေ၏။-
5 ထာဝရဘုရားက``ယေရောဗောင်၏မိဖုရား သည် ဖျားနာနေသောသားအကြောင်းကိုမေး မြန်းစုံစမ်းရန်လာလိမ့်မည်။ ထိုအခါသူ့ အားဤအတိုင်းပြောလော့'' ဟုမိန့်တော်မူ၏။ယေရောဗောင်၏မိဖုရားသည်အဟိယထံသို့ ရောက်ရှိလာသောအခါ မိမိကိုယ်ကိုအခြား သူ၏အယောင်ကိုဆောင်၍လာ၏။-
6 သို့ရာတွင်အဟိယသည်တံခါးဝမှသူ၏ ခြေသံကိုကြားသည်နှင့်``ဝင်ခဲ့လော့။ သင်သည် ယေရောဗောင်၏မိဖုရားဖြစ်ကြောင်းကိုငါ သိ၏။ အဘယ်ကြောင့်သင်သည် မိမိကိုယ်ကို အခြားသူ၏အယောင်ကိုဆောင်သနည်း။ သင်၏အတွက်ငါ့မှာသတင်းဆိုးရှိ၏။-
7 ယေရောဗောင်အားဣသရေလအမျိုးသားတို့ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည် ကားဤသို့တည်း။ ကိုယ်တော်က`ငါသည်သင့် အားပြည်သူများအထဲမှရွေးချယ်၍ ငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ အားအုပ်စိုးစေခဲ့၏။-