၃ ရာ 14:8-14 BCL

8 ဒါ​ဝိဒ်​၏​သား​မြေး​များ​လက်​မှ​နိုင်​ငံ​တော်​ကို ယူ​၍ သင့်​အား​ပေး​အပ်​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည် ငါ့​အား​အ​ကြွင်း​မဲ့​သစ္စာ​စောင့်​၍​ငါ​၏​ပ​ညတ် တို့​ကို​စောင့်​ထိန်း​ကာ ငါ​နှစ်​သက်​သည့်​အ​မှု များ​ကို​သာ​ပြု​သော​ငါ​၏​အစေ​ခံ​ဒါ​ဝိဒ်​နှင့် မ​တူ။-

9 သင်​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သော​မင်း​တို့ ၏​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ထက်​ပင် ပို​မို ကြီး​လေး​သော​အ​ပြစ်​များ​ကို​ကူး​လွန်​လေ ပြီ။ ငါ့​အား​ပစ်​ပယ်​ကာ​အ​ခြား​သော​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​၍ ရုပ်​တု​များ​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​ပြီ။-

10 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​၏​မင်း​ဆက် ကို​ပျက်​သုဉ်း​စေ​မည်။ ကြီး​ငယ်​မ​ရွေး​သင်​၏ သား​မြေး​ထဲ​မှ​ယောကျာ်း​မှန်​သ​မျှ​ကို​သုတ် သင်​ပစ်​မည်။ သင်​၏​အိမ်​ထောင်​စု​သား​တို့​ကို ငါ​ပယ်​ရှင်း​မည်။ သူ​တို့​အား​နောက်​ချေး​သ​ဖွယ် ရှင်း​လင်း​ပစ်​မည်။-

11 သင်​၏​အိမ်​ထောင်​စု​သား​များ​သည်​မြို့​တွင်း​၌ သေ​လျှင်​ခွေး​စာ၊ မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

12 ထို့​နောက်​အ​ဟိ​ယ​သည်​ဆက်​လက်​၍​ယေ​ရော ဗောင်​၏​မိ​ဖု​ရား​အား``ယ​ခု​နန်း​တော်​သို့​ပြန် လော့။ မြို့​ကို​သင်​ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက် သင်​၏​သား​သည်​သေ​လိမ့်​မည်။-

13 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏ အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ် ကို​ပြု​၍​သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လိမ့် မည်။ ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​များ​အ​နက် ထို​သား​တစ်​ဦး​တည်း​သာ​လျှင် လျောက်​ပတ် စွာ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တစ်​ဦး​တည်း​ကို​သာ​လျှင်​နှစ်​သက် တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

14 ထာ​ဝရ​ဘု​ရား​သည်​ယေ​ရော​ဗောင်​၏​မင်း ဆက်​ကို​ပျက်​သုဉ်း​စေ​မည့်​မင်း​တစ်​ပါး​အား ဣသ​ရေ​လ​ပြည်​တွင်​အုပ်​စိုး​စေ​တော်​မူ​လိမ့် မည်။-