၃ ရာ 15:1-4 BCL

1 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​တွင်​နန်း​တက်​၍၊-

2 ယေ​ရု​ရှ​လင်​မြို့​၌​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​အ​ဗ​ရှ​လုံ​၏​သ​မီး​မာ​ခါ ဖြစ်​၏။-

3 အ​ဘိ​ယ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကူး​ခဲ့​သည့် အ​ပြစ်​များ​ကို​ဆက်​လက်​၍​ကူး​လွန်​၏။ သူ​သည် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့​အ​ကြွင်း​မဲ့​သစ္စာ​မ​စောင့်။-

4 သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-