10 ယေရုရှလင်မြို့၌လေးဆယ့်တစ်နှစ်နန်းစံ လေသည်။ သူ၏အဖွားမှာအဗရှလုံ၏ သမီးမာခါဖြစ်၏။-
11 အာသသည်မိမိ၏ဘိုးဘေးဒါဝိဒ်ကဲ့သို့ ထာဝရဘုရားနှစ်သက်တော်မူသောအမှု တို့ကိုပြု၏။-
12 သူသည်ရုပ်တုကိုးကွယ်ဝတ်ပြုရာဌာနများ တွင် ပြည့်တန်ဆာအလုပ်ကိုလုပ်နေသောအမျိုး သားအမျိုးသမီးများကို တိုင်းပြည်မှနှင်ထုတ် ပြီးလျှင် မိမိ၏ဘိုးတော်ဘေးတော်ဘုရင်များ ပြုလုပ်ခဲ့သည့်ရုပ်တုများကိုဖယ်ရှားပစ်တော် မူ၏။-
13 မိမိ၏အဖွားမာခါ၏ထံမှလည်းမယ်တော် ဘုရင်မရာထူးကိုနုတ်သိမ်းတော်မူလေသည်။ အဘယ်ကြောင့်ဆိုသော်မာခါသည်အသီးအနှံ ဖွံ့ဖြိုးမှုဆိုင်ရာ အာရှရဘုရားမအားဝတ်ပြု ကိုးကွယ်ရန်အတွက် ရှုမကောင်းမြင်မကောင်းသော ရုပ်တုကိုပြုလုပ်ထားသောကြောင့်ဖြစ်၏။ အာသ သည်ထိုရုပ်တုကိုခုတ်ပြီးလျှင်ကေဒြုန်ချောင်း အနီးတွင်မီးရှို့ပစ်တော်မူ၏။-
14 ရုပ်တုကိုးကွယ်ရာဌာနများကိုအကုန်အစင် မဖျက်ဆီးသော်လည်း အာသသည်ထာဝရဘုရား အားတစ်သက်လုံးသစ္စာစောင့်တော်မူပေသည်။-
15 သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောဥစ္စာပစ္စည်းများနှင့် မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ အသုံး ဆောင်များကိုဗိမာန်တော်တွင်ထားရှိတော်မူ၏။
16 ယုဒဘုရင်အာသနှင့်ဣသရေလဘုရင်ဗာရှာ တို့သည် မိမိတို့နန်းသက်တစ်လျှောက်လုံး၌စစ် ဖြစ်လျက်နေကြလေသည်။-