29 ထို့နောက်ချက်ချင်းပင်ဗာရှာသည်ယေရောဗောင် ၏အိမ်ထောင်စုသားအပေါင်းကိုသတ်လေသည်။ ရှိလောမြို့နေပရောဖက်အဟိယအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း ယေရောဗောင်၏အိမ်ထောင်စုအပေါင်းတို့သည် တစ်ယောက်မကျန်အသတ်ခံရကြသတည်း။-