5 အဘယ်ကြောင့်ဆိုသော်ဒါဝိဒ်သည် ဘုရားသခင် နှစ်သက်တော်မူသည့်အမှုတို့ကိုသာလျှင်ပြုခဲ့ သောကြောင့်ဖြစ်၏။ မင်းကြီးသည်ဟိတ္တိအမျိုးသား ဥရိယ၏အမှုကိစ္စမှတစ်ပါး အခြားအဘယ် အခါ၌မျှကိုယ်တော်၏အမိန့်တော်ကိုလွန်ဆန် ခဲ့ခြင်းမရှိပေ။-
6 အဘိယသည်မိမိ၏နန်းသက်တစ်လျှောက် လုံး၌ယေရောဗောင်နှင့်စစ်ဖြစ်ခဲ့၏။-
7 အဘိယဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေးထား သတည်း။
8 အဘိယကွယ်လွန်သောအခါ သူ့ကိုဒါဝိဒ်မြို့ တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သားတော်အာသသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။
9 ဣသရေလဘုရင်ယေရောဗောင်နန်းစံအနှစ် နှစ်ဆယ်မြောက်၌ အာသသည်ယုဒပြည်တွင် နန်းတက်၍၊-
10 ယေရုရှလင်မြို့၌လေးဆယ့်တစ်နှစ်နန်းစံ လေသည်။ သူ၏အဖွားမှာအဗရှလုံ၏ သမီးမာခါဖြစ်၏။-
11 အာသသည်မိမိ၏ဘိုးဘေးဒါဝိဒ်ကဲ့သို့ ထာဝရဘုရားနှစ်သက်တော်မူသောအမှု တို့ကိုပြု၏။-