၃ ရာ 16:12-18 BCL

12 သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ဟု​အား​ဖြင့်​ဗာ​ရှာ အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား နှင့်​အ​ညီ ဇိ​မ​ရိ​သည်​ဗာ​ရှာ​နှင့်​အိမ်​ထောင် စု​သား​အ​ပေါင်း​ကို​သတ်​လေ​သ​တည်း။-

13 ဗာ​ရှာ​နှင့်​သား​တော်​ဧ​လာ​သည်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-

14 ဧ​လာ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ​ကို​ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။

15 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ဇိ​မ​ရိ​သည်​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​တိ​ရ​ဇ​မြို့​တွင်​ခု​နစ်​ရက်​မျှ နန်း​စံ​ရ​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​စစ် သည်​တော်​တို့​သည် ဖိ​လိတ္တိ​ပြည်​ဂိ​ဗေ​သုန် မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-

16 သူ​တို့​သည်​မင်း​ကြီး​အား​ဇိ​မ​ရိ​လျှို့​ဝှက် လုပ်​ကြံ​သည့်​သ​တင်း​ကို​ကြား​သော​အ​ခါ ချက်​ချင်း​ထို​အ​ရပ်​၌​ပင်​မိ​မိ​တို့​၏​ဗိုလ်​ချုပ် သြ​မ​ရိ​ကို​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​မင်း မြှောက်​ကြ​၏။-

17 သြ​မ​ရိ​နှင့်​သူ​၏​စစ်​သူ​ရဲ​တို့​သည်​ဂိ​ဗေ​သုန် မြို့​မှ​ထွက်​ခွာ​၍ တိ​ရ​ဇ​မြို့​သို့​သွား​ရောက်​ဝိုင်း ရံ​ထား​ကြ​၏။-

18 မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။-