17 သြမရိနှင့်သူ၏စစ်သူရဲတို့သည်ဂိဗေသုန် မြို့မှထွက်ခွာ၍ တိရဇမြို့သို့သွားရောက်ဝိုင်း ရံထားကြ၏။-
18 မြို့တော်ကျဆုံးတော့မည်ဖြစ်ကြောင်းသိရှိရ သောအခါ ဇိမရိသည်နန်းအတွင်းရဲတိုက်ခန်း သို့ဝင်၍နန်းတော်ကိုမီးရှို့ကာမီးတောက်မီး လျှံထဲ၌သေဆုံးသွားလေသည်။-
19 ဤသို့ဖြစ်ရခြင်းမှာ ထာဝရဘုရားအားသူ ပြစ်မှားသည့်အပြစ်များကြောင့်ဖြစ်၏။ သူသည် ဘုရင်ယေရောဗောင်ကဲ့သို့ကိုယ်တိုင်အပြစ်ကူး ၍ ဣသရေလပြည်သူတို့အားအပြစ်ကူးရန်ရှေ့ ဆောင်လမ်းပြခြင်းအားဖြင့် ထာဝရဘုရား မနှစ်သက်သောအမှုကိုပြုလေသည်။-
20 လျှို့ဝှက်လုပ်ကြံမှုအပါအဝင်ဇိမရိဆောင် ရွက်ခဲ့သည့် အခြားအမှုအရာရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။
21 ဣသရေလပြည်သူတို့သည် စိတ်ဝမ်းကွဲ ပြားလျက်နေကြ၏။ အချို့တို့သည်ဂိနက် ၏သားတိဗနိကိုမင်းမြှောက်လိုကြ၏။ အချို့ကမူသြမရိကိုလိုလားကြ၏။-
22 နောက်ဆုံး၌သြမရိကိုလိုလားသူတို့ ကအနိုင်ရလေသည်။ တိဗနိသေ၍ သြမရိသည်ဘုရင်ဖြစ်လာလေသည်။-
23 သို့ဖြစ်၍သူသည်ယုဒဘုရင်အာသနန်း စံသုံးဆယ့်တစ်နှစ်မြောက်၌ ဣသရေလပြည် တွင်နန်းတက်၍တစ်ဆယ့်နှစ်နှစ်နန်းစံရလေ သည်။ သူသည်တိရဇမြို့တွင်ပထမခြောက် နှစ်နန်းစံပြီးလျှင်၊-