၃ ရာ 16:19-25 BCL

19 ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ ထာ​ဝ​ရ​ဘု​ရား​အား​သူ ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ဖြစ်​၏။ သူ​သည် ဘု​ရင်​ယေ​ရော​ဗောင်​ကဲ့​သို့​ကိုယ်​တိုင်​အ​ပြစ်​ကူး ၍ ဣသ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သော​အ​မှု​ကို​ပြု​လေ​သည်။-

20 လျှို့​ဝှက်​လုပ်​ကြံ​မှု​အ​ပါ​အ​ဝင်​ဇိ​မ​ရိ​ဆောင် ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။

21 ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် စိတ်​ဝမ်း​ကွဲ ပြား​လျက်​နေ​ကြ​၏။ အ​ချို့​တို့​သည်​ဂိ​နက် ၏​သား​တိ​ဗ​နိ​ကို​မင်း​မြှောက်​လို​ကြ​၏။ အ​ချို့​က​မူ​သြ​မ​ရိ​ကို​လို​လား​ကြ​၏။-

22 နောက်​ဆုံး​၌​သြ​မ​ရိ​ကို​လို​လား​သူ​တို့ က​အ​နိုင်​ရ​လေ​သည်။ တိ​ဗ​နိ​သေ​၍ သြ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လာ​လေ​သည်။-

23 သို့​ဖြစ်​၍​သူ​သည်​ယု​ဒ​ဘု​ရင်​အာ​သ​နန်း စံ​သုံး​ဆယ့်​တစ်​နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ပြည် တွင်​နန်း​တက်​၍​တစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​လေ သည်။ သူ​သည်​တိ​ရ​ဇ​မြို့​တွင်​ပ​ထ​မ​ခြောက် နှစ်​နန်း​စံ​ပြီး​လျှင်၊-

24 ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။

25 သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-