၃ ရာ 16:1-2-7 BCL

1-2 ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​ထံ​သို့၊ ဗာ​ရှာ အား​ဆင့်​ဆို​ရန်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​၏။ ``သင်​သည်​မ​ရေ ရာ​သူ​ဖြစ်​ခဲ့​သော်​လည်း ငါ​သည်​သင့်​အား​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​ပင် အ​ပြစ်​ကူး​ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​အား လည်း​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့ လေ​ပြီ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​သည်​ဖြစ်​၍၊-

3 ငါ​သည်​ယေ​ရော​ဗောင်​အား​ပြု​သ​ကဲ့​သို့ သင် နှင့်​သင့်​အိမ်​ထောင်​စု​သား​များ​အား​သုတ် သင်​ပယ်​ရှင်း​ပစ်​မည်။-

4 မြို့​တွင်​သေ​သူ​သင်​၏​အိမ်​ထောင်​စု​သား​တို့ သည်​ခွေး​စာ၊ မြို့​ပြင်​တွင်​သေ​သူ​သည်​လင်း တ​စာ​ဖြစ်​ကြ​လိမ့်​မည်။''

5 ဗာ​ရှာ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ များ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

6 ဗာ​ရှာ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​တိ​ရ​ဇ မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ဧ​လာ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

7 ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။