22 နောက်ဆုံး၌သြမရိကိုလိုလားသူတို့ ကအနိုင်ရလေသည်။ တိဗနိသေ၍ သြမရိသည်ဘုရင်ဖြစ်လာလေသည်။-
23 သို့ဖြစ်၍သူသည်ယုဒဘုရင်အာသနန်း စံသုံးဆယ့်တစ်နှစ်မြောက်၌ ဣသရေလပြည် တွင်နန်းတက်၍တစ်ဆယ့်နှစ်နှစ်နန်းစံရလေ သည်။ သူသည်တိရဇမြို့တွင်ပထမခြောက် နှစ်နန်းစံပြီးလျှင်၊-
24 ရှမာရိတောင်ကိုရှမေရဆိုသူထံမှငွေ သားခြောက်ထောင်နှင့်ဝယ်ယူတော်မူ၏။ သြမရိ သည်ထိုတောင်ကိုတံတိုင်းကာရံကာမြို့တည် ပြီးမှ တောင်ပိုင်ရှင်ဟောင်းရှမေရ၏နာမည် ကိုအစွဲပြု၍ရှမာရိမြို့ဟုသမုတ်တော် မူ၏။
25 သြမရိသည် မိမိ၏နောင်တော့်နောင်တော် ဘုရင်အပေါင်းတို့ထက်ပင် ပိုမိုဆိုးရွားစွာ ထာဝရဘုရားအားပြစ်မှားလေသည်။-
26 သူသည်မိမိ၏နောင်တော်ဘုရင်ယေရောဗောင် ကဲ့သို့ မိမိ၏အပြစ်များအားဖြင့်လည်းကောင်း၊ ပြည်သူတို့အားအပြစ်ကူးရန်နှင့်ရုပ်တု များကိုဝတ်ပြုကိုးကွယ်ကြရန်ရှေ့ဆောင်လမ်း ပြပေးခြင်းအားဖြင့်လည်းကောင်း ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး၏။-
27 သြမရိဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှနှင့် သူ၏စွန့်စားခန်းများ ကိုဣသရေလရာဇဝင်တွင်ရေးသားထား သတည်း။-
28 သြမရိကွယ်လွန်သောအခါရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်အာဟပ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။