၃ ရာ 16:25-31 BCL

25 သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-

26 သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​ယေ​ရော​ဗောင် ကဲ့​သို့ မိ​မိ​၏​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​နှင့်​ရုပ်​တု များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန်​ရှေ့​ဆောင်​လမ်း ပြ​ပေး​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​၏။-

27 သြ​မ​ရိ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​သား​ထား သ​တည်း။-

28 သြ​မ​ရိ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

29 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ သြ​မ​ရိ​၏​သား​တော်​အာ​ဟပ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​ပြီး​လျှင် ရှ​မာ​ရိ မြို့​တွင်​နှစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​လေ​သည်။-

30 သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဘု​ရင် အ​ပေါင်း​တို့​ထက် ပို​မို​ဆိုး​ရွား​စွာ​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-

31 သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-