4 မြို့တွင်သေသူသင်၏အိမ်ထောင်စုသားတို့ သည်ခွေးစာ၊ မြို့ပြင်တွင်သေသူသည်လင်း တစာဖြစ်ကြလိမ့်မည်။''
5 ဗာရှာဆောင်ရွက်ခဲ့သည့် အခြားအမှုအရာ များရှိသမျှနှင့် သူ၏စွန့်စားခန်းများကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
6 ဗာရှာကွယ်လွန်သောအခါသူ့ကိုတိရဇ မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ဧလာသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
7 ထာဝရဘုရားအားဗာရှာပြစ်မှားသည့်အပြစ် များအတွက်ကြောင့် ပရောဖက်ယေဟုသည်ဗာရှာ နှင့်အိမ်ထောင်စုအားထိုဗျာဒိတ်တော်ကိုဆင့် ဆို၏။ ဗာရှာသည်မိမိ၏အလျင်အုပ်စိုးခဲ့သည့် ယေရောဗောင်မင်းကဲ့သို့အပြစ်ကူးသည်သာ မက ယေရောဗောင်နှင့်အိမ်ထောင်စုသားအပေါင်း ကိုလည်းသတ်ဖြတ်သဖြင့် ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူ၏။
8 ယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခြောက်နှစ် မြောက်၌ ဗာရှာ၏သားတော်ဧလာသည်ဣသ ရေလပြည်တွင်နန်းတက်ပြီးလျှင် တိရဇမြို့ ၌နှစ်နှစ်မျှနန်းစံလေသည်။-
9 ဘုရင့်ရထားတပ်ခွဲမှူးဇိမရိဆိုသူသည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လေသည်။ တစ်နေ့သ၌မင်းကြီးသည်တိရဇမြို့ရှိနန်း တော်အုပ်အာဇ၏အိမ်တွင်သောက်စားမူးယစ် လျက်နေစဉ်၊-
10 ဇိမရိသည်ထိုအိမ်သို့ဝင်၍ဧလာအားလုပ် ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍မင်း ပြု၏။ ယုဒဘုရင်အာသနန်းစံနှစ်ဆယ့် ခုနစ်နှစ်မြောက်၌ဧလာသည်လုပ်ကြံခြင်း ကိုခံရသတည်း။