32 ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
33 ထိုလူသတ်မှုများအတွက်ယွာဘနှင့်သူ၏ သားမြေးတို့သည် ထာဝစဉ်အပြစ်ဒဏ်ခံရ ကြလတ္တံ့။ သို့ရာတွင်ဒါဝိဒ်၏အရိုက်အရာ ဆက်ခံကြသောသားမြေးတို့ကိုမူကား ထာဝရဘုရားသည်အစဉ်အမြဲအောင်ပွဲ ခံစေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
34 ထို့ကြောင့်ဗေနာယသည်ထာဝရဘုရား စံတော်မူရာတဲတော်သို့သွား၍ယွာဘ အားသတ်ပြီးလျှင် ကျေးလက်ရှိသူ၏ နေအိမ်တွင်သင်္ဂြိုဟ်လိုက်လေသည်။-
35 မင်းကြီးသည်ဗေနာယကိုယွာဘ၏နေရာ တွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့်ထား တော်မူ၍ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာ၏နေရာတွင်ခန့်ထားတော်မူ၏။
36 ထို့နောက်မင်းကြီးသည် ရှိမိကိုဆင့်ခေါ်တော် မူပြီးလျှင်``သင်သည်ယေရုရှလင်မြို့တွင် အိမ်တစ်လုံးဆောက်၍နေထိုင်လော့။ ဤမြို့ မှမထွက်မခွာနှင့်။-
37 အကယ်၍ကေဒြုန်ချောင်းလွန်အောင်ထွက်လာ လျှင်သင်သည်မုချသေဒဏ်ခံရမည်။ ထိုအခါ မိမိကိုယ်ကိုသာလျှင်အပြစ်တင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
38 ရှိမိကလည်း``ကောင်းပါပြီ။ အရှင်မင်းကြီး။ အရှင်မိန့်တော်မူသည့်အတိုင်းအကျွန်ုပ် လိုက်နာပါမည်'' ဟုပြန်၍လျှောက်ထားပြီး လျှင်ယေရုရှလင်မြို့တွင်ကာလကြာ မြင့်စွာနေထိုင်လေ၏။