21 နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ်လည် လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရဘုရား က`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-
22 ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။
23 ထို့နောက်မိက္ခာက``ဖြစ်ပျက်ပုံကားဤသို့တည်း။ ထာဝရဘုရားသည်ဤပရောဖက်တို့ကို အရှင့်အားလိမ်လည်ဟောပြောစေတော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေးအန္တရာယ် ကိုမူကိုယ်တော်တိုင်စီရင်ထားတော်မူပြီ'' ဟု နိဂုံးချုပ်လိုက်လေသည်။
24 ထိုအခါဇေဒကိသည်မိက္ခာအနီးသို့ချဉ်းကပ်၍ ပါးကိုရိုက်ပြီးလျှင်``ထာဝရဘုရား၏ဝိညာဉ် တော်သည်သင့်အားမိန့်မြွက်တော်မူရန်အဘယ် အခါက ငါ၏ထံမှထွက်ခွာသွားတော်မူပါ သနည်း'' ဟုဆို၏။
25 မိက္ခာကလည်း``သင်ပုန်းအောင်းရန်အတွက်အတွင်း ခန်းတစ်ခုခုသို့ဝင်သောအခါ၌သိရပါလိမ့် မည်'' ဟုပြန်ပြောလေသည်။
26 ထို့နောက်အာဟပ်သည်နန်းတွင်းအရာရှိတစ် ယောက်အား``မိက္ခာကိုဖမ်းဆီး၍မြို့ဝန်အာမုန် နှင့်ယောရှမင်းသားထံသို့ခေါ်ဆောင်သွားလော့။-
27 သူ့အားထောင်သွင်းအကျဉ်းချကာကောင်း မွန်ချောမောစွာ ငါပြန်လည်ရောက်ရှိလာချိန် တိုင်အောင်မုန့်နှင့်ရေကိုသာကျွေးမွေးထား ရန်သူတို့အားမှာကြားလော့'' ဟုအမိန့် ပေးတော်မူ၏။