28 မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာပါမူအကျွန်ုပ် ဆင့်ဆိုသောစကားများသည်ထာဝရဘုရား မိန့်တော်မူသောစကားများမဟုတ်နိုင်။ အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ထား ကြလော့'' ဟုဆို၏။
29 ဣသရေလဘုရင်အာဟပ်နှင့်ယုဒဘုရင် ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ ကိုတိုက်ခိုက်ရန်ချီတက်ကြ၏။-
30 အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်သော အခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွားမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာဝတ်ဆင် လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆို ပြီးသော်ဣသရေလဘုရင်သည်ရုပ်ဖျက်၍ တိုက်ပွဲဝင်လေ၏။
31 ရှရိဘုရင်သည် မိမိ၏ရထားတပ်မှူးသုံးဆယ့် နှစ်ယောက်တို့အား ဣသရေလဘုရင်မှတစ်ပါး အခြားမည်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
32 ထို့ကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင်သော အခါ ဣသရေလဘုရင်ဟုထင်မှတ်ကာပြန်လှည့် ၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှဖတ်ဟစ်အော် လိုက်သောအခါ၊-
33 သူတို့သည်ဣသရေလဘုရင်မဟုတ်မှန်းသိရ၍ လွှဲရှောင်ကြ၏။-
34 သို့ရာတွင်ရှရိတပ်သားတစ်ယောက်သည်မြား တစ်စင်းကို အမှတ်မထင်ပစ်လွှတ်လိုက်ရာအာဟပ် ၏သံချပ်အင်္ကျီအဆက်ကြားကိုထိမှန်သွားလေ သည်။ မင်းကြီးက``ငါ့ကိုမြားထိပြီ၊ တိုက်ပွဲမှ မောင်းထွက်သွားလော့'' ဟုရထားမှူးအားအမိန့် ပေးတော်မူ၏။