၃ ရာ 3:1-4 BCL

1 ရှော​လ​မုန်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​ကို မိ​ဖု​ရား​မြှောက်​ခြင်း​အား​ဖြင့် ထို​မင်း​နှင့်​မ​ဟာ မိတ်​ဖွဲ့​တော်​မူ​၏။ ထို့​နောက်​မိ​မိ​တည်​ဆောက်​လျက် ရှိ​သည့်​နန်း​တော်၊ ဗိ​မာန်​တော်​နှင့်​မြို့​ရိုး​မ​ပြီး​မီ ဒါ​ဝိဒ်​မြို့​တွင်​နေ​ထိုင်​ရန်​မင်း​သ​မီး​အား​ခေါ် ဆောင်​ခဲ့​၏။-

2 ထာ​ဝရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​မ​ဆောက် ရ​သေး​သ​ဖြင့် လူ​တို့​သည်​ယဇ်​ပလ္လင်​အ​နှံ့ အ​ပြား​တို့​တွင်​ယဇ်​ပူ​ဇော်​လျက်​ရှိ​နေ​ကြ သေး​၏။-

3 ရှော​လ​မုန်​မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​၍ မိ​မိ​ခ​မည်း​တော်​၏​ပြ​ညွှန်​သွန်​သင်​ချက်​တို့ ကို​လိုက်​နာ​သော်​လည်း တိ​ရစ္ဆာန်​များ​ကို​သတ် ၍​ယဇ်​ပလ္လင်​အ​မျိုး​မျိုး​တွင်​ယဇ်​ပူ​ဇော်​လေ သည်။

4 ဂိ​ဗောင်​မြို့​တွင်​အ​လွန်​ထင်​ရှား​ကျော်​စော​သော ယဇ်​ပလ္လင်​ရှိ​သ​ဖြင့် အ​ခါ​တစ်​ပါး​၌​မင်း​ကြီး သည်​ယဇ်​ပူ​ဇော်​ရန်​ထို​အ​ရပ်​သို့​သွား​တော် မူ​၏။ သူ​သည်​ယ​ခင်​အ​ခါ​များ​က​ထောင် ပေါင်း​များ​စွာ​သော​မီး​ရှို့​ရာ​ပူ​ဇော်​သကာ များ​ကို​ထို​ယဇ်​ပလ္လင်​တွင်​ပူဇော်​ခဲ့​ဖူး​၏။-