၃ ရာ 3:15-21 BCL

15 ရှော​လ​မုန်​သည်​အိပ်​ရာ​မှ​နိုး​၍ မိ​မိ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​စ​ကား​များ​ကို​အိပ်​မက် တွင်​ကြား​သိ​ခဲ့​ရ​ကြောင်း​ကို​သိ​လေ​၏။ ထို့​နောက် သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထာ​ဝရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ရပ်​လျက် မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​နှင့်​မိတ်​သ​ဟာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​နောက် မှူး​မတ် အ​ပေါင်း​တို့​အ​တွက်​စား​သောက်​ပွဲ​ကို​ကျင်း​ပ လေ​သည်။

16 အ​ခါ​တစ်​ပါး​၌​ပြည့်​တန်​ဆာ​နှစ်​ယောက်​တို့​သည် လာ​၍​ရှော​လ​မုန်​မင်း​၏​ရှေ့​တော်​၌​ရပ်​ကြ​၏။-

17 တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​သည်​ဤ မိန်း​မ​နှင့်​တစ်​အိမ်​တည်း​နေ​ထိုင်​ပါ​သည်။ ယင်း သို့​နေ​ထိုင်​စဉ်​သား​က​လေး​တစ်​ယောက်​ကို ဖွား​မြင်​ပါ​သည်။-

18 ကျွန်​မ​က​လေး​မွေး​ပြီး​၍​သုံး​ရက်​အ​ကြာ တွင် ဤ​မိန်း​မ​သည်​လည်း​သား​က​လေး​တစ် ယောက်​ကို​ဖွား​မြင်​ပါ​၏။-

19 အိမ်​တွင်​ကျွန်​မ​တို့​နှစ်​ဦး​သာ​လျှင်​ရှိ​ပါ​၏။ အ​ခြား​မည်​သူ​မျှ​မ​ရှိ​ပါ။ တစ်​ည​သ​၌​ဤ မိန်း​မ​သည်​မိ​မိ​၏​သား​ငယ်​ကို​မ​တော်​တ​ဆ ဖိ​၍​အိပ်​မိ​သ​ဖြင့်​သား​ငယ်​သေ​ဆုံး​သွား​ပါ​၏။-

20 သူ​သည်​ညဥ့်​ချင်း​တွင်​ပင်​ထ​၍​ကျွန်​မ​အိပ်​ပျော် နေ​စဉ် နံ​ဘေး​ရှိ​ကျွန်​မ​၏​သား​ငယ်​ကို​ပွေ့​၍​မိ​မိ အိပ်​ရာ​သို့​ယူ​သွား​ပါ​၏။ ထို့​နောက်​သေ​နေ​သော က​လေး​ကို​ကျွန်မ​၏​အိပ်​ရာ​တွင်​ထား​ပါ​၏။-

21 နောက်​တစ်​နေ့​နံ​နက်​၌​ကျွန်​မ​သည်​အိပ်​ရာ မှ​နိုး​၍ က​လေး​ကို​နို့​တိုက်​မည်​ပြု​သော​အ​ခါ က​လေး​သေ​နေ​သည်​ကို​တွေ့​ရ​ပါ​သည်။ က​လေး ကို​သေ​ချာ​စွာ​ကြည့်​ရာ​ထို​က​လေး​သည် ကျွန်​မ​၏​က​လေး​မ​ဟုတ်​ကြောင်း​သိ​ရှိ​ရ ပါ​၏'' ဟု​လျှောက်​ထား​လေ​သည်။