17 တစ်ယောက်က``အရှင်မင်းကြီး၊ ကျွန်မသည်ဤ မိန်းမနှင့်တစ်အိမ်တည်းနေထိုင်ပါသည်။ ယင်း သို့နေထိုင်စဉ်သားကလေးတစ်ယောက်ကို ဖွားမြင်ပါသည်။-
18 ကျွန်မကလေးမွေးပြီး၍သုံးရက်အကြာ တွင် ဤမိန်းမသည်လည်းသားကလေးတစ် ယောက်ကိုဖွားမြင်ပါ၏။-
19 အိမ်တွင်ကျွန်မတို့နှစ်ဦးသာလျှင်ရှိပါ၏။ အခြားမည်သူမျှမရှိပါ။ တစ်ညသ၌ဤ မိန်းမသည်မိမိ၏သားငယ်ကိုမတော်တဆ ဖိ၍အိပ်မိသဖြင့်သားငယ်သေဆုံးသွားပါ၏။-
20 သူသည်ညဥ့်ချင်းတွင်ပင်ထ၍ကျွန်မအိပ်ပျော် နေစဉ် နံဘေးရှိကျွန်မ၏သားငယ်ကိုပွေ့၍မိမိ အိပ်ရာသို့ယူသွားပါ၏။ ထို့နောက်သေနေသော ကလေးကိုကျွန်မ၏အိပ်ရာတွင်ထားပါ၏။-
21 နောက်တစ်နေ့နံနက်၌ကျွန်မသည်အိပ်ရာ မှနိုး၍ ကလေးကိုနို့တိုက်မည်ပြုသောအခါ ကလေးသေနေသည်ကိုတွေ့ရပါသည်။ ကလေး ကိုသေချာစွာကြည့်ရာထိုကလေးသည် ကျွန်မ၏ကလေးမဟုတ်ကြောင်းသိရှိရ ပါ၏'' ဟုလျှောက်ထားလေသည်။
22 သို့ရာတွင်အခြားမိန်းမက``သင်၏စကား မမှန်ပါ။ အသက်ရှင်လျက်နေသည့်ကလေး သည်ငါ၏ကလေးဖြစ်၍ သေနေသောကလေး မှာသင့်ကလေးဖြစ်ပါသည်'' ဟုဆို၏။ပထမမိန်းမကလည်း``သင့်စကားမမှန်ပါ။ သေနေသောကလေးသည်သင်၏ကလေးဖြစ် ၍အသက်ရှင်လျက်ရှိသည့်ကလေးမှာငါ၏ ကလေးဖြစ်ပါသည်'' ဟုပြန်ပြောလေ၏။ဤသို့လျှင်သူတို့နှစ်ဦးသည် မင်းကြီး၏ ရှေ့တော်တွင်ငြင်းခုံလျက်နေကြ၏။
23 ထိုအခါမင်းကြီးသည်``သင်တို့နှစ်ဦးစလုံးက အသက်ရှင်လျက်ရှိသည့်ကလေးသည်ငါ၏သား၊ သေနေသောကလေးသည် သင်၏သားဟုပြော ဆိုနေကြ၏'' ဟုမိန့်တော်မူပြီးလျှင်၊