3 နန်းတော်အတွင်းဝန်များ၊ ရှိရှ၏သားများဖြစ် ကြသောဧလိဟောရပ်နှင့်အဟိယမှတ်တမ်း တာဝန်ခံ၊ အဟိလုပ်၏သားယေဟောရှဖတ်၊
4 တပ်မတော်ဗိုလ်ချုပ်၊ ယောယဒ၏သားဗေနာယ၊ ယဇ်ပုရောဟိတ်များ၊ ဇာဒုတ်နှင့်အဗျာသာ၊
5 နယ်ဘုရင်ခံချုပ်၊ နာသန်၏သားအာဇရိ၊ ဘုရင့် အတိုင်ပင်ခံအမတ်၊ နာသန်၏သားယဇ်ပုရော ဟိတ်ဇာဗုဒ်၊
6 နန်းတော်အုပ်၊ အဟိရှာ၊ ချွေးတပ်ဝန်၊ အာဗဒ ၏သားအဒေါနိရံ၊
7 ရှောလမုန်သည်ဣသရေလနိုင်ငံတွင် နယ်ဘုရင် ခံတစ်ဆယ့်နှစ်ယောက်ခန့်ထားလေသည်။ ထိုသူ တို့သည်တစ်ယောက်လျှင်တစ်လစီ၊ မင်းကြီး နှင့်နန်းတော်အတွက်မိမိ၏နယ်မှရိက္ခာများ ကိုပေးဆက်ရကြ၏။-
8 ထိုဘုရင်ခံများနှင့်သူတို့ပိုင်သည့်နယ်များ မှာအောက်ပါအတိုင်းဖြစ်၏။ဗင်ဟုရ၊ဧဖရိမ်တောင်ကုန်း
9 ဗင်ဒေကာ၊မာကတ်မြို့၊ရှာလဗိမ်မြို့၊ဗက်ရှေမက်မြို့၊ ဧလုဒ်မြို့နှင့်ဗက်ဟနန်မြို့၊