၃ ရာ 5:15-18 BCL

15 ရှော​လ​မုန်​သည်​ကျောက်​ဆစ်​ရန်​လူ​ရှစ်​သောင်း ကို​လည်း​ကောင်း၊ ကျောက်​သယ်​မည့်​သူ​လူ​ခု​နစ် သောင်း​နှင့်​အ​တူ​တောင်​ပေါ်​ဒေ​သ​သို့​စေ လွှတ်​တော်​မူ​၏။-

16 ထို့​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​အ​လုပ် ကို​ကြီး​ကြပ်​သူ လူ​သုံး​ထောင်​သုံး​ရာ​ကို​ခန့် ထား​တော်​မူ​၏။-

17 ရှော​လ​မုန်​မင်း​၏​အ​မိန့်​တော်​အ​ရ​ထို ချွေး​တပ်​သား​တို့​သည် ဗိ​မာန်​တော်​တိုက်​မြစ် အ​တွက်​ကျောက်​တုံး​ကြီး​များ​ကို​ဆစ်​ရ ကြ​၏။-

18 ရှော​လ​မုန်​၏​အ​လုပ်​သ​မား​များ​နှင့်​ဟိ​ရံ​၏ အ​လုပ်​သ​မား​များ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ် ရန်​အ​တွက် ဂေ​ဗာ​လ​မြို့​သား​များ​နှင့်​အ​တူ ကျောက်​များ​နှင့်​သစ်​များ​ကို​ပြင်​ဆင်​ကြ လေ​သည်။