10 တစ်ထပ်လျှင်ခုနစ်ပေခွဲမြင့်သည့်သုံးထပ် အခန်းငယ်များကိုဗိမာန်တော်အပြင်နံရံ များနှင့်ကပ်၍ဆောက်လုပ်ပြီးလျှင် သစ်ကတိုး ယက်မများဖြင့်နံရံနှင့်ဆက်စပ်၍ထား လေသည်။
11 ထာဝရဘုရားကရှောလမုန်အား၊-
12 ``သင်သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်ရှိသမျှကိုစောင့်ထိန်းလျှင် သင့်ခမည်း တော်ဒါဝိဒ်အားငါပေးခဲ့သည့်ကတိ အတိုင်းသင့်အတွက်ငါပြုမည်။-
13 သင်ဆောက်လုပ်လျက်ရှိသည့်ဗိမာန်တော်တွင် ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏အလယ်တွင်ငါကျိန်းဝပ်မည်'' ဟု မိန့်တော်မူ၏။
14 သို့ဖြစ်၍ရှောလမုန်သည်ဗိမာန်တော်ကိုပြီး အောင်တည်ဆောက်တော်မူ၏။
15 အတွင်းနံရံများကိုကြမ်းမှမျက်နှာကျက် တိုင်အောင် သစ်ကတိုးသားပျဉ်ဖြင့်ဖုံးအုပ်ပြီး လျှင် ကြမ်းကိုထင်းရှူးပျဉ်များဖြင့်ခင်းထား လေသည်။-
16 အလွန်သန့်ရှင်းရာဌာနတော်ဟုခေါ်တွင် သောဗိမာန်တော်အတွင်းခန်းသည် အလျား ပေသုံးဆယ်ရှိ၍ယင်းကိုသစ်ကတိုးသား ပျဉ်များဖြင့်မျက်နှာကျက်အထိကာရံ ထား၏။-