၃ ရာ 6:20-28 BCL

20 ထို​အ​ခန်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အနံ​ပေ သုံး​ဆယ်၊ အ​မြင့်​ပေ​သုံး​ဆယ်​ရှိ​၍ ယင်း​ကို​ရွှေ စင်​ဖြင့်​မွမ်း​မံ​ထား​လေ​သည်။ ယဇ်​ပလ္လင်​ကို​မူ သစ်​က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​၏။-

21 ဗိ​မာန်​တော်​အ​တွင်း​ပိုင်း​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား ပြီး​လျှင် ရွှေ​ဖြင့်​ပင်​မွမ်း​မံ​သည့်​ဗိ​မာန်​တော် အ​တွင်း​ခန်း​၏​အ​ဝင်​ဝ​ကို​ရွှေ​ကြိုး​များ​ဆွဲ ချိပ်​ထား​လေ​သည်။-

22 ဗိ​မာန်​တော်​အတွင်း​ပိုင်း​တစ်​ခု​လုံး​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​၏​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ကောင်း​ရွှေ​ဖြင့် မွမ်း​မံ​၍​ထား​သ​တည်း။

23 သံ​လွင်​သား​ဖြင့်​ပြု​လုပ်​၍ အ​မြင့်​ဆယ့်​ငါး​ပေ စီ​ရှိ​သော​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​တွင်​ထား​ရှိ​၏။-

24-26 ထို​ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည်​အ​ရပ်​နှင့်​သဏ္ဌာန် တူ​ညီ​ကြ​၏။ ယင်း​တို့​တွင်​အ​လျား​ခု​နစ်​ပေ​ခွဲ ရှိ​သော​အ​တောင်​နှစ်​ခု​စီ​ရှိ​သ​ဖြင့် အ​တောင် ဖျား​တစ်​ခု​မှ​အ​ခြား​တစ်​ခု​အ​ထိ​တစ်​ဆယ့် ငါး​ပေ​ရှိ​လေ​သည်။-

27 ခေ​ရု​ဗိမ်​တို့​ဖြန့်​ထား​သည့်​အ​တောင်​နှစ်​ခု​တို့ သည် နံ​ရံ​များ​နှင့်​ထိ​၍​နေ​ကြ​စေ​ရန်​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ယှဉ်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​၌ ထား​ရှိ​၏။-

28 ခေ​ရု​ဗိမ်​တို့​ကို​ရွှေ​ဖြင့်​မွမ်း​မံ​၍​ထား​သ​တည်း။