34 ခေါက်တံခါးရွက်တစ်စုံကိုထင်းရှူးသားဖြင့် ပြုလုပ်ပြီးလျှင်၊-
35 ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့်ပုံများ ထုလုပ်၍ ပုံလုံးပေါ်ရွှေဖြင့်မွမ်းမံလေ၏။
36 ဗိမာန်တော်ရှေ့၌အတွင်းတန်တိုင်းကိုဆစ် ကျောက်သုံးဆင့်လျှင် သစ်ကတိုးသားယက်မ တစ်ဆင့်စီဖြင့်အထပ်ထပ်ဆောက်လုပ်ထား၏။
37 ရှောလမုန်မင်းနန်းစံလေးနှစ်မြောက်ဇိဖခေါ် ဒုတိယလ၌ ဗိမာန်တော်ကိုကျောက်မြစ်ချ၍၊-
38 ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။