၄ ရာ 1:12-18 BCL

12 ဧ​လိ​ယ​က``ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​စေ ခံ​မှန်​လျှင် ကောင်း​ကင်​မှ​မီး​ကျ​၍​သင်​နှင့်​သင် ၏​တပ်​သား​တို့​ကို​ကျွမ်း​လောင်​ပါ​စေ​သော'' ဟု ဆို​သော်​ချက်​ချင်း​ပင်​ကောင်း​ကင်​မှ​မီး​ကျ သ​ဖြင့် တပ်​မှူး​နှင့်​တပ်​သား​တို့​သည်​ကျွမ်း လောင်​လေ​၏။

13 မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​နှင့်​လူ​ငါး ဆယ်​တပ်​ကို​နောက်​တစ်​ကြိမ်​စေ​လွှတ်​ပြန်​၏။ ထို​တပ်​မှူး​သည်​တောင်​ကုန်း​ပေါ်​သို့​တက်​၍ ဧ​လိ​ယ​ရှေ့​တွင်​ဒူး​ထောက်​လျက်``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ်​နှင့်​အ​ကျွန်ုပ်​၏ တပ်​သား​တို့​ကို​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော်​မူ​ပါ။-

14 အ​ခြား​တပ်​မှူး​နှစ်​ယောက်​နှင့်​သူ​တို့​၏​တပ် သား​များ​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​သေ ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ'' ဟု​တောင်း​ပန်​၏။

15 ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က​ဧ​လိ​ယ အား``မ​ကြောက်​နှင့်။ ထို​သူ​နှင့်​အ​တူ​လိုက်​သွား လော့'' ဟု​ဆို​သ​ဖြင့် ဧ​လိ​ယ​သည်​မင်း​ကြီး​ထံ သို့​တပ်​မှူး​နှင့်​အ​တူ​လိုက်​သွား​ပြီး​လျှင်၊-

16 ``ထာ​ဝ​ရ​ဘု​ရား​က`ဣ​သ​ရေ​လ​ပြည်​တွင် ဗျာ​ဒိတ်​တော်​ကို​မေး​လျှောက်​ရန် ဘု​ရား​မ​ရှိ သော​ကြောင့်​ဧ​ကြုန်​မြို့​၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ် အား​စုံ​စမ်း​မေး​မြန်း​ရန်​သံ​တမန်​တို့​ကို​စေ လွှတ်​ရ​သ​လော။ သို့​ဖြစ်​၍​သင်​သည်​ပြန်​လည် ကျန်း​မာ​လာ​လိမ့်​မည်​မ​ဟုတ်။ သေ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​လေ​၏။

17 ဧ​လိ​ယ​ဆင့်​ဆို​သော​ထာ​ဝရ​ဘု​ရား​၏​ဗျာ ဒိတ်​တော်​အ​တိုင်း အာ​ခ​ဇိ​သည်​ကွယ်​လွန်​လေ​၏။ အာ​ခ​ဇိ​တွင်​သား​တော်​မ​ရှိ​သ​ဖြင့်​ညီ​တော် ယော​ရံ​သည် ယော​ရှ​ဖတ်​၏​သား​ယု​ဒ​ဘု​ရင် ယ​ဟော​ရံ​၏​နန်း​စံ​ဒုတိ​ယ​နှစ်​၌​နန်း​တက် လေ​သည်။

18 အာ​ခ​ဇိ​မင်း​၏​အ​ခြား​လုပ်​ဆောင်​ချက်​ရှိ သ​မျှ​တို့​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။