၄ ရာ 1:14-18 BCL

14 အ​ခြား​တပ်​မှူး​နှစ်​ယောက်​နှင့်​သူ​တို့​၏​တပ် သား​များ​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​သေ ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ'' ဟု​တောင်း​ပန်​၏။

15 ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က​ဧ​လိ​ယ အား``မ​ကြောက်​နှင့်။ ထို​သူ​နှင့်​အ​တူ​လိုက်​သွား လော့'' ဟု​ဆို​သ​ဖြင့် ဧ​လိ​ယ​သည်​မင်း​ကြီး​ထံ သို့​တပ်​မှူး​နှင့်​အ​တူ​လိုက်​သွား​ပြီး​လျှင်၊-

16 ``ထာ​ဝ​ရ​ဘု​ရား​က`ဣ​သ​ရေ​လ​ပြည်​တွင် ဗျာ​ဒိတ်​တော်​ကို​မေး​လျှောက်​ရန် ဘု​ရား​မ​ရှိ သော​ကြောင့်​ဧ​ကြုန်​မြို့​၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ် အား​စုံ​စမ်း​မေး​မြန်း​ရန်​သံ​တမန်​တို့​ကို​စေ လွှတ်​ရ​သ​လော။ သို့​ဖြစ်​၍​သင်​သည်​ပြန်​လည် ကျန်း​မာ​လာ​လိမ့်​မည်​မ​ဟုတ်။ သေ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​လေ​၏။

17 ဧ​လိ​ယ​ဆင့်​ဆို​သော​ထာ​ဝရ​ဘု​ရား​၏​ဗျာ ဒိတ်​တော်​အ​တိုင်း အာ​ခ​ဇိ​သည်​ကွယ်​လွန်​လေ​၏။ အာ​ခ​ဇိ​တွင်​သား​တော်​မ​ရှိ​သ​ဖြင့်​ညီ​တော် ယော​ရံ​သည် ယော​ရှ​ဖတ်​၏​သား​ယု​ဒ​ဘု​ရင် ယ​ဟော​ရံ​၏​နန်း​စံ​ဒုတိ​ယ​နှစ်​၌​နန်း​တက် လေ​သည်။

18 အာ​ခ​ဇိ​မင်း​၏​အ​ခြား​လုပ်​ဆောင်​ချက်​ရှိ သ​မျှ​တို့​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။