၄ ရာ 1:3-9 BCL

3 သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် တိ​ရှ​ဘိ​မြို့​သား​ပ​ရော​ဖက်​ဧ​လိ​ယ အား``အာ​ခ​ဇိ​မင်း​၏​သံ​တ​မန်​များ​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သူ​တို့​အား​ဣ​သ​ရေ​လ ပြည်​တွင်​ဘု​ရား​မ​ရှိ​သော​ကြောင့် ဧ​ကြုန် ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​ထံ​သွား​ရောက်​စုံ​စမ်း မေး​မြန်း​ရ​သ​လော​ဟု​မေး​လော့။-

4 မင်း​ကြီး​အား`မိ​မိ​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍ ထ​နိုင်​မည်​မ​ဟုတ်​ကြောင်း၊ သေ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​သင်​တို့ လျှောက်​ထား​ကြ​လော့' ဟု​ဆင့်​ဆို​ရ​မည်'' ဟု မိန့်​တော်​မူ​သည်။ဧ​လိ​ယ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ပြု​သ​ဖြင့်၊-

5 သံ​တ​မန်​တို့​သည်​မင်း​ကြီး​ထံ​သို့​ပြန်​ကြ​၏။ မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သင်​တို့​ပြန်​လာ ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

6 ထို​သူ​တို့​က``လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​နှင့် လာ​ရောက်​တွေ့​ဆုံ​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား`ဣ​သ​ရေ​လ​ပြည်​တွင်​ဘု​ရား​မ​ရှိ သော​ကြောင့် ဧ​ကြုန်​ဘု​ရား​ထံ​သံ​တ​မန်​များ စေ​လွှတ်​၍​စုံ​စမ်း​မေး​မြန်း​ရ​သ​လော။ သင်​သည် သင်​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍​ထ​နိုင်​မည် မ​ဟုတ်။ သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း အ​ရှင့်​ထံ​ပြန်​ကြား​လျှောက်​ထား​ရန် အ​ကျွန်ုပ် တို့​အား​ပြော​ကြား​သွား​ပါ​သည်'' ဟု​သံ တော်​ဦး​တင်​ကြ​၏။

7 မင်း​ကြီး​က``ထို​သူ​၏​ပုံ​ပန်း​သဏ္ဌာန်​ကား အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။

8 ထို​သူ​တို့​က``သူ​သည်​တိ​ရစ္ဆာန်​သား​ရေ​ဖြင့် ချုပ်​လုပ်​ထား​သည့်​ဝတ်​လုံ​ကို​ဝတ်​၍ သား​ရေ ခါး​ပတ်​ကို​စည်း​ထား​ပါ​သည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​သည်​ဧ​လိ​ယ​ဖြစ် ပါ​သည်​တကား'' ဟု​မြွက်​ဆို​တော်​မူ​၏။

9 ထို​နောက်​မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​ကို လူ​ငါး​ဆယ်​တပ်​နှင့်​အ​တူ​ဧ​လိ​ယ​ထံ​သို့ စေ​လွှတ်​တော်​မူ​၏။ တပ်​မှူး​သည်​တောင်​ကုန်း တစ်​ခု​ပေါ်​တွင်​ဧ​လိ​ယ​ထိုင်​နေ​သည်​ကို​တွေ့ မြင်​သ​ဖြင့် သူ့​အား``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ ဆင်း​ခဲ့​လော့။ ဘု​ရင်​အမိန့်​တော်​ရှိ​သည်'' ဟု ဆို​၏။