၄ ရာ 10:1-7 BCL

1 အာ​ဟပ်​မင်း​၏​သား​မြေး​ခု​နစ်​ဆယ်​တို့​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ယေ​ဟု သည်​အုပ်​ချုပ်​ရေး​မှူး​များ၊ မြို့​မိ​မြို့​ဖ​များ နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း​သူ​များ ထံ​သို့​စာ​ရေး​၍​ပို့​လိုက်​၏။ ထို​စာ​တွင်၊-

2 ``သင်​တို့​သည်​မင်း​ကြီး​၏​သား​မြေး​များ ကို​တာ​ဝန်​ယူ​စောင့်​ရှောက်​ရ​ကြ​သူ​များ​ဖြစ် သ​ဖြင့် သင်​တို့​၌​စစ်​ရ​ထား​တပ်၊ မြင်း​တပ်၊ လက်​နက်၊ ခံ​တပ်​မြို့​များ​ရှိ​ပေ​သည်။ ထို့​ကြောင့် ဤ​စာ​ကို​ရ​လျှင်​ရ​ခြင်း၊-

3 သင်​တို့​သည်​မင်း​ကြီး​၏​သား​မြေး​များ​ထဲ​မှ အ​သင့်​တော်​ဆုံး​သူ​ကို​ရွေး​ချယ်​၍​မင်း​မြှောက် ပြီး​လျှင် သူ​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက် ကြ​လော့'' ဟု​ပါ​ရှိ​၏။

4 ရှ​မာ​ရိ​မြို့​ရှိ​အုပ်​ချုပ်​ရေး​မှူး​များ​သည် ထိတ် လန့်​လျက်``ယေ​ဟု​အား​ယော​ရံ​မင်း​နှင့်​အာ​ခ​ဇိ မင်း​တို့​ပင်​လျှင် မ​ခံ​မ​ရပ်​နိုင်​ကြ​ပါ​လျှင် ငါ တို့​အ​ဘယ်​သို့​သူ့​အား​ခံ​ရပ်​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။-

5 သို့​ဖြစ်​၍​နန်း​တော်​အုပ်၊ မြို့ဝန်၊ မြို့​မိ​မြို့​ဖ များ​နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း သူ​များ​က​ယေ​ဟု​ထံ​သို့``အ​ကျွန်ုပ်​တို့​သည် အ​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​သ​ဖြင့် အ​ရှင့် အ​မိန့်​တော်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သူ​ကို မျှ​မင်း​မြှောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင် သင့်​တော်​သ​လို​စီ​မံ​တော်​မူ​ပါ'' ဟု​ပြန် စာ​ရေး​၍​ပို့​ကြ​၏။

6 ယေ​ဟု​က​လည်း``သင်​တို့​သည်​ငါ​၏​ဘက်​သို့ ပါ​၍ ငါ့​အ​မိန့်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ လျှင် အာ​ဟပ်​မင်း​၏​သား​မြေး​တို့​၏​ဦး​ခေါင်း များ​ကို နက်​ဖြန်​ဤ​အ​ချိန်​အ​ရောက်​ငါ့​ထံ သို့​ယူ​ဆောင်​ခဲ့​ကြ​လော့'' ဟု​နောက်​ထပ်​စာ ရေး​ပေး​ပို့​လိုက်​လေ​သည်။ရှ​မာ​ရိ​မြို့​ရှိ​မြို့​မိ​မြို့​ဖ​တို့​သည် အာ​ဟပ် မင်း​၏​သား​မြေး​ခု​နစ်​ဆယ်​ကို​အုပ်​ထိန်း စောင့်​ရှောက်​လျက်​ရှိ​ကြ​၏။-

7 သူ​တို့​သည်​ယေ​ဟု​၏​စာ​ကို​ရ​ရှိ​ကြ​သော အ​ခါ ထို​မင်း​ညီ​မင်း​သား​ခု​နစ်​ဆယ်​ကို​သတ် ပြီး​လျှင် သူ​တို့​၏​ဦး​ခေါင်း​များ​ကို​တောင်း များ​တွင်​ထည့်​၍ ယေ​ဇ​ရေ​လ​မြို့​ရှိ​ယေ​ဟု ထံ​သို့​ပို့​လိုက်​ကြ​၏။