10 အာဟပ်၏သားမြေးများနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း စီ ရင်တော်မူမည်ဖြစ်ကြောင်း ဤအမှုကို ထောက်၍သိရှိနိုင်ပါ၏။ ထာဝရဘုရား သည်ပရောဖက်ဧလိယအားဖြင့် မိန့် တော်မူခဲ့သည်နှင့်အညီ အကောင် အထည်ဖော်တော်မူလေပြီ'' ဟုပြော၏။-
11 ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။
12 ယေဟုသည်ရှမာရိမြို့သို့သွားရန်ယေဇ ရေလမြို့မှထွက်ခွာသွား၏။ လမ်း၌သိုးထိန်း များစခန်းဟုအမည်တွင်သောအရပ်သို့ ရောက်သောအခါ၊-
13 သူသည်ကွယ်လွန်သူအာခဇိ၏ဆွေမျိုး အချို့နှင့်တွေ့၍ သူတို့အား``သင်တို့သည် အဘယ်သူများပေနည်း'' ဟုမေး၏။ထိုသူတို့က``အာခဇိ၏ဆွေတော်မျိုးတော် များဖြစ်ပါသည်။ အကျွန်ုပ်တို့သည်ယေဇ ဗေလမိဖုရား၏သားတော်သမီးတော်များ နှင့် အခြားမင်းဆွေမင်းမျိုးတို့အားဂါရဝ ပြုရန် ယေဇရေလမြို့သို့သွားကြပါမည်'' ဟုဖြေကြားကြ၏။-
14 ယေဟုက``ဤသူတို့အားလက်ရဖမ်းဆီး ကြလော့'' ဟုမိမိ၏လူတို့အားအမိန့်ပေး သည့်အတိုင်း ဖမ်းဆီး၍တွင်းတစ်ခုအနီး တွင်လူပေါင်းလေးဆယ့်နှစ်ယောက်တို့ကို ကွပ်မျက်လေသည်။
15 ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။ယောနဒပ်က``ကူညီပါမည်'' ဟုဖြေ၏။ယေဟုက``ယင်းသို့ဖြစ်ပါမူငါ့အားသင်၏ လက်ကိုကမ်းပေးလော့'' ဟုဆို၏။ ယောနဒပ် ကလက်ကိုကမ်းပေးလိုက်သောအခါ ယေဟု သည်လက်ကိုဆွဲ၍ယောနဒဒ်အားရထား ပေါ်တက်စေပြီးသော်၊-
16 ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-