5 ယဇ်ပုရောဟိတ်အသီးသီးတို့သည်မိမိ တို့ယဇ်ပူဇော်ပေး၍ရရှိသည့်ငွေများဖြင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုတွင်လိုအပ် သလိုအသုံးပြုရန်တာဝန်ယူရသည်။
6 သို့ရာတွင်ယောရှ၏နန်းစံနှစ်ဆယ့်သုံးနှစ် မြောက်သို့ရောက်ရှိသည်တိုင်အောင် ဗိမာန်တော် တွင်မည်သည့်မွမ်းမံပြင်ဆင်မှုကိုမျှမပြု ရသေးသဖြင့်၊-
7 ယောရှသည်ယောယဒနှင့်အခြားယဇ်ပုရော ဟိတ်များကိုခေါ်၍``သင်တို့သည်အဘယ် ကြောင့်ဗိမာန်တော်ကိုမပြင်ဘဲနေကြသနည်း။ ယခုအချိန်မှအစပြု၍ သင်တို့သည်မိမိ တို့ရရှိသည့်ငွေကိုသိမ်းဆည်း၍မထားရ ကြ။ ဗိမာန်တော်မွမ်းမံပြင်ဆင်မှုအတွက် ပေးအပ်ရကြမည်'' ဟုဆို၏။-
8 ယဇ်ပုရောဟိတ်တို့သည်လည်းငွေကိုပေး အပ်ရန်နှင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုကို တာဝန်မယူရန်သဘောတူကြလေသည်။
9 ထိုနောက်ယောယဒသည်သေတ္တာတစ်လုံး ကိုယူ၍အဖုံးတွင်အပေါက်ဖောက်ပြီးလျှင် ဗိမာန်တော်အဝင်လမ်းလက်ယာဘက်ရှိယဇ် ပလ္လင်အနီးတွင်ထား၏။ ဗိမာန်တော်အဝင်ဝ တွင်တာဝန်ကျသောယဇ်ပုရောဟိတ်များ သည် ဝတ်ပြုကိုးကွယ်ရန်လာရောက်သူတို့ ပေးလှူသောငွေတို့ကိုသေတ္တာထဲသို့ထည့် ကြ၏။-
10 အလှူခံသေတ္တာတွင်ငွေများလာသည့်အခါ တိုင်း ဘုရင့်အတွင်းဝန်နှင့်ယဇ်ပုရောဟိတ် မင်းတို့လာ၍ ငွေကိုထုတ်ယူကာအရည် ကြိုပြီးလျှင်ချိန်တွယ်ကြ၏။-
11 သူတို့သည်အလေးချိန်အတိအကျကို မှတ်သားထားပြီးလျှင် ငွေကိုဗိမာန်တော် ပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူတို့၏လက် သို့ပေးအပ်ကြ၏။ ကြီးကြပ်သူတို့သည် ထိုငွေကိုလက်သမား၊-