၄ ရာ 13:11-17 BCL

11 သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​ယေ​ရော​ဗောင်​မင်း ၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​လိုက်​လျှောက်​သူ​ဖြစ်​၏။-

12 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင် သူ​လုပ် ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

13 ယ​ဟော​ရှ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို ရှ​မာ​ရိ​မြို့​ရှိ​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

14 ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဝေဒ​နာ​စွဲ​၍​နေ​၏။ သူ သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​သေ​အံ့​ဆဲ​ဆဲ ဖြစ်​နေ​ချိန်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် သူ့​အား​ကြည့်​ရှု​ရန်​လာ​ရောက်​ပြီး​လျှင်``အ ကျွန်ုပ်​၏​အ​ဖ၊ အ​ကျွန်ုပ်​၏​အ​ဖ၊ အ​ရှင်​သည် ကြီး​မား​သော​တန်​ခိုး​စွမ်း​အင်​ဖြင့် ဣ​သ​ရေ​လ ပြည်​ကို​ကာ​ကွယ်​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု ငို​ကြွေး​၏။

15 ဧ​လိ​ရှဲ​က``လေး​နှင့်​မြား​တို့​ကို​ယူ​ခဲ့​လော့'' ဟု ဆို​သည့်​အ​တိုင်း​ယ​ဟော​ရှ​ယူ​လာ​သော​အ​ခါ၊-

16 ဧ​လိ​ရှဲ​က``လေး​ကို​တင်​လော့'' ဟု​ဆို​၏။ ထို အ​ခါ​မင်း​ကြီး​သည်​လေး​ကို​တင်​လေ​၏။ ထို နောက်​ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို​မင်း​ကြီး ၏​လက်​ပေါ်​တွင်​တင်​ပြီး​လျှင်၊-

17 ရှု​ရိ​ပြည်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​ပြူ တင်း​ပေါက်​ကို မင်း​ကြီး​အား​ဖွင့်​စေ​၏။ ထို​နောက် ဧ​လိ​ရှဲ​က``မြား​ကို​ပစ်​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​ပစ်​လေ​သော်​ပ​ရော​ဖက်​က``သင်​သည် ထာ​ဝရ​ဘု​ရား​၏​မြား​ဖြစ်​၏။ ဘု​ရား​ရှင်​သည် ထို​မြား​အား​ဖြင့်​ရှု​ရိ​ပြည်​ကို​အ​နိုင်​ရ​တော် မူ​လိမ့်​မည်။ သင်​သည်​အာ​ဖက်​မြို့​တွင် ရှု​ရိ​အ​မျိုး သား​တို့​အား​အ​နိုင်​မ​ရ​မ​ချင်း​တိုက်​ခိုက်​လိမ့် မည်'' ဟု​ဆို​၏။