၄ ရာ 13:22-25 BCL

22 ယော​ခတ်​၏​လက်​ထက်​ကာ​လ​ပတ်​လုံး​ဣသ​ရေ​လ အ​မျိုး​သား​တို့​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​၏ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​၏။-

23 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား ကြင်​နာ​တော်​မူ​သ​ဖြင့် သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ထောက်​၍ သူ တို့​အား​ကူ​မ​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး တော်​အား အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ တော်​မ​မူ။

24 ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​ကွယ်​လွန်​သော​အ​ခါ သူ​၏​သား​တော်​ဗင်္ဟာ​ဒဒ်​နန်း​တက်​၏။-

25 ထို​ကာ​လ​၌​ဣ​သ​ရေ​လ​ဘု​ရင်​ယော​ခတ် မင်း​၏​သား​တော်​ယ​ဟော​ရှ​သည် ဗင်္ဟာ​ဒဒ်​ကို သုံး​ကြိမ်​တိုင်​တိုင်​နှိမ်​နင်း​ပြီး​လျှင် ခ​မည်း တော်​ယော​ခတ်​လက်​ထက်​၌​ဗင်္ဟာ​ဒဒ်​သိမ်း​ယူ သွား​သော​မြို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။