1-2 ယောခတ်၏သားတော်ဣသရေလဘုရင် ယဟောရှ ၏နန်းစံဒုတိယနှစ်၌ယောရှ၏သားတော်သည်၊ အသက်နှစ်ဆယ့်ငါးနှစ်ရှိသော်ယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့် ကိုးနှစ်နန်းစံရ၏။ သူ၏မယ်တော်မှာယေရု ရှလင်မြို့သူယုဒ္ဒန်ဖြစ်၏။-
3 အာမဇိသည်ထာဝရဘုရားနှစ်သက်တော် မူသောအမှုတို့ကိုပြု၏။ သို့ရာတွင်သူသည် မိမိ၏ဘေးတော်ဒါဝိဒ်မင်းကဲ့သို့မပြု ကျင့်ဘဲ ခမည်းတော်ယောရှကဲ့သို့ပြုကျင့် ၏။-
4 သူသည်ရုပ်တုကိုးကွယ်ရာဌာနများကို ဖြိုဖျက်ခြင်းမပြုသဖြင့် ပြည်သူတို့သည် ဆက်လက်၍ထိုဌာနများတွင်ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။
5 အာမဇိသည်မိမိ၏အာဏာတည်သည်နှင့် တစ်ပြိုင်နက် ခမည်းတော်ဘုရင်မင်းကိုလုပ် ကြံသည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။-