၄ ရာ 14:1-2-8 BCL

1-2 ယော​ခတ်​၏​သား​တော်​ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ ၏​နန်း​စံ​ဒု​တိ​ယ​နှစ်​၌​ယော​ရှ​၏​သား​တော်​သည်၊ အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော်​ယု​ဒ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့် ကိုး​နှစ်​နန်း​စံ​ရ​၏။ သူ​၏​မယ်​တော်​မှာ​ယေ​ရု ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။-

3 အာ​မ​ဇိ​သည်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​၏။ သို့​ရာ​တွင်​သူ​သည် မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​မင်း​ကဲ့​သို့​မ​ပြု ကျင့်​ဘဲ ခ​မည်း​တော်​ယော​ရှ​ကဲ့​သို့​ပြု​ကျင့် ၏။-

4 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖြို​ဖျက်​ခြင်း​မ​ပြု​သ​ဖြင့် ပြည်​သူ​တို့​သည် ဆက်​လက်​၍​ထို​ဌာ​န​များ​တွင်​ယဇ်​ပူ​ဇော် ၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လေ​သည်။

5 အာ​မ​ဇိ​သည်​မိ​မိ​၏​အာ​ဏာ​တည်​သည်​နှင့် တစ်​ပြိုင်​နက် ခ​မည်း​တော်​ဘု​ရင်​မင်း​ကို​လုပ် ကြံ​သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။-

6 သို့​ရာ​တွင်​သူ​သည်​ထို​သူ​တို့​၏​သား​သ​မီး တို့​ကို​မူ​မ​သတ်​ဘဲ``မိ​ဘ​တို့​သည်​သား​သ​မီး များ​ကူး​လွန်​သည့်​ပြစ်​မှု​များ​အ​တွက် အ​သတ် မ​ခံ​စေ​ရ။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​တို့ ကူး​လွန်​သည့်​ပြစ်​မှု​များ​အ​တွက်​အ​သတ် မ​ခံ​စေ​ရ။ လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ ကိုယ်​တိုင်​ကူး​လွန်​သည့်​ပြစ်​မှု​အ​တွက်​သာ လျှင် အ​သတ်​ခံ​စေ​ရ​မည်'' ဟူ​၍​မော​ရှေ​၏ ပ​ညတ်​ကျမ်း​တွင် ပါ​ရှိ​သည့်​ထာ​ဝရ​ဘု​ရား ၏​ပ​ညတ်​တော်​ကို​လိုက်​လျှောက်​ကျင့်​သုံး တော်​မူ​၏။

7 အာ​မ​ဇိ​သည်​ပင်​လယ်​သေ​၏​တောင်​ဘက်​ရှိ ဆား​ချိုင့်​ဝှမ်း​တွင် ဧ​ဒုံ​စစ်​သည်​တစ်​သောင်း ကို​သုတ်​သင်​တော်​မူ​၏။ သူ​သည်​သေ​လ​မြို့ ကို​သိမ်း​ယူ​ပြီး​လျှင် မြို့​၏​နာ​မည်​ကို​ပြောင်း သ​ဖြင့် ယု​ဿေ​လ​မြို့​ဟု​ယ​နေ့​တိုင်​အောင် ခေါ်​တွင်​သ​တည်း။

8 ထို​နောက်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ် ပြီး​လျှင် မိ​မိ​နှင့်​စစ်​ပြိုင်​ရန်​ဖိတ်​ခေါ်​လိုက် လေ​သည်။-