21 ထိုနောက်ယုဒပြည်သူတို့သည် အသက်တစ် ဆယ့်ခြောက်နှစ်ရှိသားတော်သြဇိကိုမင်း မြှောက်ကြ၏။-
22 သြဇိသည်ခမည်းတော်ကွယ်လွန်ပြီးသည် နောက် ဧလတ်မြို့ကိုတိုက်ခိုက်သိမ်းယူကာ ပြန်လည်ထူထောင်လေသည်။
23 ယောရှ၏သားတော်ယုဒဘုရင်အာမဇိ၏ နန်းစံတစ်ဆယ့်ငါးနှစ်မြောက်၌ ယဟောရှ၏ သားတော်ဒုတိယမြောက်ယေရောဗောင်သည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌လေးဆယ့်တစ်နှစ်တိုင်တိုင်နန်း စံလေသည်။-
24 သူသည်ထာဝရဘုရားကိုပြစ်မှား၍ ဣသ ရေလအမျိုးသားတို့အားအပြစ်ကူးလွန် ရန် ရှေ့ဆောင်လမ်းပြခဲ့သောနေဗတ်၏သား ယေရောဗောင်၏ဆိုးယုတ်သည့်လမ်းစဉ်ကို လိုက်၏။-
25 သူသည်မြောက်သို့လားသော်ဟာမတ်တောင်ကြား လမ်း၊ တောင်သို့လားသော်ပင်လယ်သေတိုင်အောင် ယခင်အခါကဣသရေလပြည်၏ပိုင်နက်နယ် မြေမှန်သမျှတို့ကိုပြန်လည်သိမ်းယူလေသည်။ ဤကားဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကျွန်တော် ရင်း၊ ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သားပရောဖက် ယောနအားဖြင့်မိန့်တော်မူခဲ့သောစကား တော်အတိုင်းပင်ဖြစ်သတည်း။
26 ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ ပြင်းပြစွာခံစားနေရကြသောဆင်းရဲဒုက္ခ ကိုမြင်တော်မူ၏။ သူတို့အားကူမမည့်သူ တစ်ယောက်မျှမရှိချေ။-
27 ကိုယ်တော်သည်ထိုသူတို့အားထာဝစဉ်ပျက် ပြုန်းအောင်စီရင်ရန်အလိုတော်မရှိသဖြင့် ဒုတိယမြောက်ယေရောဗောင်မင်းအားဖြင့် သူတို့ကိုကယ်တော်မူ၏။