၄ ရာ 14:26-29 BCL

26 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြင်း​ပြ​စွာ​ခံ​စား​နေ​ရ​ကြ​သော​ဆင်း​ရဲ​ဒုက္ခ ကို​မြင်​တော်​မူ​၏။ သူ​တို့​အား​ကူ​မ​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ချေ။-

27 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ထာ​ဝစဉ်​ပျက် ပြုန်း​အောင်​စီ​ရင်​ရန်​အ​လို​တော်​မ​ရှိ​သ​ဖြင့် ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​အား​ဖြင့် သူ​တို့​ကို​ကယ်​တော်​မူ​၏။

28 ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ တိုက်​ပွဲ​တွင်​သူ​၏ လက်​ရုံး​ရည်၊ ဒ​မာ​သက်​မြို့​နှင့်​ဟာ​မတ်​မြို့​တို့ ကို ဣသ​ရေ​လ​နိုင်​ငံ​နယ်​မြေ​အ​တွင်း​သို့​ပြန် လည်​သိမ်း​ယူ​ခဲ့​ပုံ​အ​ကြောင်း​တို့​ကို ဣသ​ရေ​လ ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။-

29 ယေ​ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ သူ့​အား ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဇာ​ခ​ရိ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။